Sports: ကလေးတွေကို ဘောလုံးခေါင်းတိုက်ခွင့် ပိတ်လိုက်တဲ့ အမေရိက

အမေရိကမှာတော့ ကလေးတွေကို ဘောလုံးကစားရင်း ခေါင်းနဲ့ တိုက်ခွင့် မပေးတော့ဖို့ အဖွဲ့ချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

play

 

ဘောလုံးကစားရင်း ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိမှုတွေက ကာကွယ်ဖို့တွက် အမေရိကမှာ အသက် ၁၀ နှစ်အောက်ကလေးတွေကို ဘောလုံးခေါင်းနဲ့တိုက်ခွင့် ပိတ်လိုက်ပြီဖြစ်ပါတယ်။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ကလေးငယ်တွေ ဘောလုံးကစားရင်း ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိမှု တိုးလာတာကို ထောက်ပြပြီး အခုလို တားမြစ်ချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

play

 

အသက် ၁၀ နှစ်နဲ့ ၁၀ နှစ်အောက် ကလေးငယ်တွေကတော့ ဘောလုံးကစားရင်း လုံးဝခေါင်းတိုက်ခွင့် ရှိမှာ မဟုတ်ပါဘူး။ ၁၁ နှစ်ကနေ ၁၃ နှစ်အတွင်း ကလေးငယ်တွေကိုတော့ အကန့်အသတ်နဲ့သာ ခေါင်းတိုက်ခွင့် ပေးမှာဖြစ်ပါတယ်။ ဘောလုံးကစားရင်း ခေါင်းဒဏ်ရာရခဲ့တဲ့ ကလေးငယ်တွေရဲ့ မိဘအချို့က ဘောလုံးသင်တန်းကျောင်း အကယ်ဒမီတွေရဲ့ အပြစ်လို့ စွပ်စွဲခဲ့ပြီးတဲ့နောက်ပိုင်း အခုလို ဥပဒေထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သင်တန်းကျောင်းတွေလည်း ဆယ်နှစ်အောက် ကလေးငယ်တွေကို ဘောလုံးကစားရင်း ခေါင်းတိုက်နည်း သင်ကြားပေးလို့ မရတော့ပါဘူး။

ဒီဥပဒေက သက်ငယ်တန်းလက်ရွေးစင်တွေအပြင် မေဂျာလိဂ်အသင်းတွေရဲ့လူငယ်အသင်းတွေအပေါ်လည်း သက်ရောက်မှာ ဖြစ်ပါတယ်။ ဘောလုံးကစားတဲ့အခါ ထိခိုက်ဒဏ်ရာ အရဆုံးက အသက် ၁၁ နှစ်ကနေ ၂၀ နှစ်အတွင်း လူငယ်တွေဖြစ်ပါတယ်။

Source : www.time.com

Photos : www. telegraph.com, www.time.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ