Sports: ပရီးမီးယားလိဂ်ကို နောက်နှစ်ပြန်လာတော့မယ့် အန်ဆလော့တီ

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် လာမယ့်နှစ်မှာ ပရီးမီးယားလိဂ်ပြန်လာမယ်လို့ အန်ဆလော့တီက ပြောလိုက်ပါပြီ။

play

 

ချယ်လ်ဆီးအသင်းမန်နေဂျာဟောင်းဖြစ်ခဲ့ဖူးတဲ့ ကာလိုအန်ဆလော့တီက ပရီးမီးယားလိဂ်ကို ပြန်လာချင်ကြောင်း ဝန်ခံလိုက်ပါပြီ။ မနှစ်က ၂၀၁၄-၁၅ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဖြတန်သန်းခဲ့ပြီးတဲ့နောက် ရာသီအကုန်မှာ အထုတ်ခံခဲ့ရတဲ့ နည်းပြဖြစ်ပါတယ်။

သူက ပရီးမီးယားလိဂ်ကို ပြန်လာချင်တယ်လို့ ပြောလိုက်တဲ့အချိန်ဟာ ချယ်လ်ဆီးအသင်းက ရလာဒ်ဆိုးတွေ ကြောင့် မော်ရင်ဟိုကိုထုတ်ပြီး မန်နေဂျာသစ်ရှာတော့မယ်လို့ သတင်းတွေထွက်နေချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့်  ချယ်လ်ဆီးကိုလာဖို့ စကားလမ်းကြောင်းတာလားဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့်လည်း လက်ရှိရာသီ မပြီးခင်အချိန်ထိတော့ ဘယ်အသင်းကိုမှ သူတာဝန်ယူမှာ မဟုတ်ဘူးလို့ အန်ဆလော့တီက အပြတ်ပြောထားပါတယ်။

play

 

“ ပြင်သစ်နဲ့ စပိန်မှာ ကျွန်တော်အတွေ့အကြုံကောင်းတွေ အများကြီးရထားပါပြီ။ စီမံကိန်းကောင်းကောင်းရှိတဲ့ အသင်းကို တာဝန်ယူချင်ပါတယ်။ အဲဒါ အင်္ဂလန်မှာပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီရာသီအကုန်ထိတော့ ကျွန်တော် ဒီအတိုင်းဆက်နေချင်သေးတယ်။ နောက်ရာသီလောက်မှပေါ့” ဆိုပြီး အန်ဆလော့တီက ပြောတာပါ။

play

 

ချယ်လ်ဆီးနဲ့ ပတ်သတ်ပြီးတော့လည်း အန်ဆလော့တီက အခုလို ပြောပါတယ်။ “ ချယ်လ်ဆီးက ထိပ်သီးအဆင့်မှာ ကစားနေကြအသင်းပဲဗျ။ အခုသူတို့ ယုံကြည်ချက်နည်းနည်းပျောက်သလို ဖြစ်နေတယ်။ ပြီးတော့ ရလာဒ်တွေဆိုးနေတယ်။ ဒီအခြေအနေကနေ သူတို့ ဖြည်းဖြည်းချင်း ရုန်းထွက်နိုင်ပါလိမ့်မ်။ မော်ရင်ဟိုကလည်း အကောင်းဆုံး နည်းပြတစ်ဦးပဲလေ” လို့ အန်ဆလော့တီက ဆိုပါတယ်။

Source : www.goal.com

Photos : www.premiumtimesng.com, www.zeenews.india.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ