Sports: ပါရီမြို့အကြမ်းဖက်မှုကို ဘောလုံးသမားတွေ ဘာပြောလဲ

ပြင်သစ်နဲ့ ဂျာမနီယှဉ်ပြိုင်ခဲ့တဲ့ ဘောလုံးကွင်းအနီးမှာတောင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

play
 

အိုးထရက်ဖို့ဒ်တွင်ကစားခဲ့သည့် ရန်ပုံငွေပွဲတွင် ပါရီအကြမ်းဖက်မှုအတွက် ဆုတောင်းငြိမ်သက်နေသည့် ကစားသမားများ။

လူပေါင်းရာနဲ့ချီသေဆုံးခဲ့ရတဲ့ ပါရီမြို့ အကြမ်းဖက်မှုအပြီးမှာ ကမ္ဘာကျော်ဘောလုံးသမားတွေကလည်း သူတို့ဟာ အပြစ်မဲ့သေဆုံးခဲ့ရသူတွေအပေါ် စာနာကြောင်းနဲ့ အကြမ်းဖက်မှုကို ရှုံ့ချကြောင်း တရားဝင် ထုတ်ပြောခဲ့ပြီးပြီဖြစ်ပါတယ်။

play

 

ဘောလုံးကွင်းအနီးမှာ ပေါက်ကွဲမှုဖြစ်လို့ ပရိသတ်တွေ ကွင်းထဲ ပြေးဝင်လာကြပုံပါ

ဂျာမနီနဲ့ ယှဉ်ပြိင်နေခဲ့တဲ့ပြင်သစ်အသင်းမှာ ပါဝင်ခဲ့သူလက်ရွေးစင် ဂရိဇ်မန်းရဲ့ ညီမဖြစ်သူတောင် အကြမ်းဖက် တိုက်ခိုက်ခံရမှုက လက်မတင်လေး လွတ်မြောက်ခဲ့ရတာဖြစ်ပါတယ်။ “ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ Bataclan ခန်းမထဲကနေ အသက်ရှင်ရက်လွတ်လာတဲ့ ကျွန်တော့်ညီမလေးအတွက်ပါ” ဆိုပြီး သူက တွစ်တာမှာ ရေးခဲ့တာဖြစ်ပါတယ်။

ကဲ ဘယ်ဘောလုံးသမားတွေက ဘာတွေများ ပြောခဲ့တာပါလဲ။

သီယာရီအွန်နရီ

play

 

“ပါရီမှာ မြင်ရတဲ့မြင်ကွင်းက ကျွန်တော့်ကို အတော်လေးတုန်လှုပ်သွားစေပါတယ်။ ဓားစာခံဖြစ်သွားသူ အားလုံးနဲ့ အပြစ်မဲ့လျှက်သား ကြောက်ရွံ့မှုကို ကြုံခဲ့ရသူအားလုံးနဲ့ ကျွန်တော်အတူရှိနေမှာပါ”

ဂန်ဒိုဂန်(ဒေါ့မွန်နှင့် ဂျာမနီကစားသမား)

play

 

“ဂျာမနီကို အားလုံးချောချောမောမောပြန်ရောက်ပါပြီ။ သွေးပျက်စရာညကို ကြုံခဲ့ရတဲ့သူအားလုံးဘက်က ကျွန်တော်တို့ ရပ်တည်သွားမှာပါ”

ဒေးဗစ်ဆေးလ်ဗား

play

 

“ပါရီမှာ ရှိနေကြတဲ့ မိသားစုဝင်တွေအားလုံးနဲ့ ကျွန်တော်တို့ အတူရှိပြီး လေးစားထောက်ထားမှုလည်း ပေးပါတယ်”

လီယိုနယ်မက်ဆီ

play

 

“မနေ့က အကြမ်းဖက်မှုမှာ အပြစ်မဲ့ခံစားခဲ့ကြရတဲ့ ပြည်သူတွေ၊ မိသားစုတွေအားလုံးနဲ့ ကျွန်တော်တို့  ထပ်တူရှိပါတယ်။ ထပ်လောင်းပြောချင်တာက ကမ္ဘာမှာ လူသားတွေအားလုံး အတူတကွ အေးအေးချမ်းချမ်း နေနိုင်ဖို့ တခုတေည်းသောနည်းလမ်းက အချစ်နဲ့ ငြိမ်းချမ်းရေး ရှိဖို့ ပါပဲ”

ဒါတွေတင် မကသေးပါဘူး။ အာဆင်နယ်၊ ဘာစီလိုနာ၊ စပါး စတဲ့ ဘောလုံးအသင်းတွေနဲ့ အခြားသော ကစားသမားအတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အန်သိုနီမာရှယ်၊ ဒေါ့မွန်ကစားသမား မာကိုရူးစ်နဲ့ ဒေးဗစ်ဘက်ခမ်းတို့ကလည်း ပါရီမြို့က ဓါးစာခံတွေအတွက် စာနာနားလည်ကြောင်း ဆုတောင်းမှုတွေ လူမှုကွန်ယက်ပေါ်မှာ အသီးသီးရေးသားခဲ့ကြပါတယ်။

Souce and Phots : www.skysports.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ