Sports: ရော်နယ်ဒိုပြောတဲ့ အကောင်းဆုံးနည်းပြ

play

 

သူ့ကိုဒီလိုအခြေအနေရောက်လာအောင် လုပ်ပေးခဲ့တဲ့နည်းပြ တစ်ဦးသာရှိကြောင်း ရော်နယ်ဒိုက ပြောလိုက်ပါပြီ။

မော်ရင်ဟို၊ ကာလိုအန်ဆလော့တီ၊ ဆာအဲလက်စ်ဖာဂူန်ဆန် စတဲ့ကမ္ဘာကျော်နည်းပြတွေရဲ့ လက်အောက်မှာ ကစားခဲ့ဖူးသူ ခရစ္စတီယာနိုရော်နယ်ဒိုက သူ့အတွက် အကောင်းဆုံးနည်းပြ ဘယ်သူလဲဆိုတာ ထုတ်ပြောလိုက်ပါပြီ။

သူ့ရဲ့ကစားသမားဘဝမှာတော့ အကောင်းဆုံးနည်းပြဟာ ဆာအဲလက်စ်ဖာဂူဆန်ဖြစ်တယ်လို့ ရော်နယ်ဒိုက ပြောလိုက်တာပါ။ ဖာဂူဆန်ဟာ စပို့တင်းလစ္စဘွန်းက အသက် ၁၈ နှစ်အရွယ် ရော်နယ်ဒိုကို ခေါ်ယူပြီး ကမ္ဘာ့အဆင့်မီကစားသမားဖြစ်လာအောင် လုပ်ပေးနိုင်ခဲ့တဲ့နည်းပြဖြစ်သူပါ။ ဖာဂူဆန်လက်အောက်မှာပဲ ရော်နယ်ဒိုက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အောင်မြင်မှုတွေရခဲ့ပြီးတဲ့နောက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

play

 

“ကျွန်တော်ဒီနေ့ အခုလိုဖြစ်လာတဲ့အတွက် ဖာဂူဆန်ကိုပဲ ကျေးဇူးတင်ရမှာပါ။ သူကျွန်တော့်ကို ဒီလိုဖြစ်လာအောင် လုပ်ပေးခဲ့တာပါ” လို့ ရော်နယ်ဒိုက ITV နဲ့အင်တာဗျူးမှာ ပြောခဲ့တာပါ။

play

ရော်နယ်ဒိုနှင့် ကွယ်လွန်သွားပြီဖြစ်သည့် သူ၏ဖခင်

“ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင်မှာ ကျွန်တော့်အဖေကို သွားတွေ့ချင်တယ်ပြောတော့ သူကလျောလျောလျှူလျှူပဲ ခွင့်ပြုခဲ့တယ်။  သူ(ဖာဂူဆန်)ကကျွန်တော့်ကို ပြောခဲ့တယ်။ မင်းဘဝမှာ မင်းမိသားစုကလည်း အရေးအကြီးဆုံး အရာတစ်ခုပဲ လို့ပြောပြီး ကျွန်တော့်ကို သွားခွင့်ပေးခဲ့တယ်။ မိသားစုက ဘယ်လောက်ရောက်အရေးကြီးတယ်ဆိုတာ သူကျွန်တော့်ကို သင်ပြပေးခဲ့တယ်။ သူက ကျွန်တော့်ဘဝမှာ အကောင်းဆုံးနည်းပြပါပဲ” ရော်နယ်ဒိုက ဆက်ပြောခဲ့ပါတယ်။

Source : www.goal.com

Photos : www.scoringgoal.com. www.thepeoplesperson.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ