Sports: မက်ဆီကို ပရီးမီးယားလိဂ်မှာ တွေ့ရတော့မလား

မက်ဆီကို ပရီးမီးယားလိဂ်မှာ မြင်ရဖို့ လမ်းစတွေ့လာရပြီဆိုပေမယ့် အခက်အခဲ တစ်ခုရှိနေပါတယ်။

play

 

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို လေးကြိမ်ရထားတဲ့  လီယိုနယ်မက်ဆီ ပရီးမီးယားလိဂ်ကို လာရောက်ကစားဖို့ လမ်းစမြင်နေရပြီဖြစ်ပါတယ်။ စပိန်မှာ အခွန်ပြဿနာဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း မက်ဆီက အင်္ဂလန်ကိုလာရောက်ကစားဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ Daily Star သတင်းစာက ရေးသားဖော်ပြပါတယ်။

play

 

ဒါပေမယ့်လည်း ပြဿနာက မက်ဆီ့ကိုပေးရမယ့် လစာငွေဖြစ်ပါတယ်။ မက်ဆီက ပရီးမီးယားလိဂ်မှာ လာကစားမယ်ဆိုရင် သူ့ရဲ့လစာငွေ တပတ်ကို စတာလင်ပေါင် ၆ သိန်းလောက် လိုချင်နေတာဖြစ်ပါတယ်။ ဒီပမာဏက ငွေကြေးတက်နိုင်တဲ့ မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့တောင်မှ နောက်ဆုတ်သွားမယ့် အခြေအနေဖြစ်နေပါတယ်။

မက်ဆီက ပရီးမီးယားလိဂ်မှာ လာကစားရင် သူ့အတွက်အသင်းက အခွန်ဆောင်ပေးပြီးသားအပါအဝင် ပေါင် တစ်နှစ်လုပ် ပေါင် ၁၈ သန်းလောက်လိုချင်တာပါ။ ဒီပမာဏက တစ်ပတ်ကို ပေါင် ၆ သိန်းပေးရတာနဲ့ ညီမျှပါတယ်။ အဲလိုသာာဆိုရင် မက်ဆီက ပရီးမီးယားလိဂ်မှာ လစာအများဆုံး ကစားသမားလည်း ဖြစ်လာဦးမှာပါ။ လောလောဆယ်တော့ မက်ဆီကို ဘာစီလိုနာက တစ်နှစ်လုပ်ခ ပေါင် ၁၄ သန်းပေးထားပါတယ်။

play

 

မက်ဆီနဲ့ ဘာစီလိုနာချုပ်ထားတဲ့ စာချုပ်အရတော့ စာချုပ်မပြည့်သေးပဲ ခေါ်ချင်ရင် ပေါင် ၁၇၅ သန်းပေးမှ ခေါ်နိုင်မှာ ဖြစ်ပါတယ်။ မက်ဆီ့လစာကို ပေးနိုင်မယ့်အသင်း ပရီးမီးယားလိဂ်မှာ ရှိမလားဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

Source : www.dailystar.com

Photos : gettyimages

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ