Sports: ဘိုင်ယန်ကရော်ဘင် မန်ယူကိုရောက်လာဖို့ ပိုနီးစပ်လာ

ဘိုင်ယန်မှာအဆင်မပြေဖြစ်နေတဲ့ ရော်ဘင်ကို မန်ယူက ကြားဖြတ်ခေါ်ပြီး ရော်ဘင်နဲ့ဗန်ဟားလ်တို့ ဆရာတပည့်တွေ ပြန်တွေ့ဖို့ ရှိနေပါပြီ။

play

 

မန်ချက်စတာယူနိုက်တက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ ဒါမှမဟုတ် နွေအပြောင်းအရွှေ့မှာ အံ့အားသင့်ဖွယ် ကစားသမားခေါ်ယူမှုတစ်ခုလုပ်ဖို့ စီစဉ်နေပြန်ပါပြီ။ ဘိုင်ယန်တောင်ပံကစားသမား ရော်ဘင်ကို ခေါ်ဖို့ စီစဉ်နေပြီလို့ အင်္ဂလန်သတင်းစာတစ်စောင်က ရေးသားလိုက်ပါတယ်။

play

 

ဒဏ်ရာကြောင့် နှစ်လလောက်နားနေခဲ့ရတဲ့ ရော်ဘင်ဟာ အခုပြန်သက်သာလာပြီးနောက် ဟော်လန်ကဝေလအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဝင်ကစားခဲ့ပြီးနှစ်ဂိုးတောင် သွင်းခဲ့ပါသေးတယ်။ ဘိုင်ယန်တိုက်စစ်မှူးဖြစ်တဲ့ လီဝမ်ဒေါစကီးက ရော်ဘင်နဲ့ပတ်သတ်ပြီး မကျေမလည်ဖြစ်ရာကနေ ရော်ဘင် အသင်းပြောင်းဖို့အထိ ဖြစ်လာတာပါ။ ရောဘင်က တကိုယ်ကောင်းဆန်သူဖြစ်လို့ ကင်စလေကိုးမန်း ဒါမှမဟုတ် ဒေါက်ဂလက်စ်နဲ့သာ တွဲကစားချင်တယ်လို့ လီဝမ်ဒေါစကီးပြောထားတဲ့ စကာက ရော်ဘင့်ကို အတော်စိတ်မသက်မသာ ဖြစ်စေပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ဗန်ဟားလ်က ရော်ဘင်ကိုခေါ်ပြီး မန်ယူအသင်းရဲ့ တောင်ပံနှစ်ဖက်မှာ ဒီပေးနဲ့ ရောဘင်ကို ထားကစားချင်နေတာဖြစ်ပါတယ်။ ဒီနှစ်ယောက်က ဟော်လန်မှာလည်း ဗန်ဟားလ်ရဲ့ လက်အောက်မှာ ကစားခဲ့ကြဖူးသူတွေပါ။

play

 

တစ်ခုသတိပြုရမှာက ရော်ဘင်က အသက် ၃၂ နှစ်ရှိနေပါပြီ။ သူနောက်ထပ်နှစ်များစွာ ကစားနိုင်ဖို့ မသေချာတော့ပါဘူး။ ရော်ဘင်ကအသက်ကြီးနေပြီဖြစ်လို့ ဒီအကျင့်ကို ပြင်လို့ရမှာ မဟုတ်တော့ဘူးလို့လည်း နည်းပြဂွါဒီယိုလာက ပြောထားပါတယ်။

Source & Photos :  www.mirror.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ