Sports: ၂၀၁၆ အတွင်း ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများ လက်ခံကျင်းပရန် မရှိ

၂၀၀၈ ခုနှစ် က နောက်ဆုံးအကြိမ် ကျင်းပခဲ့ပြီး မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ဗိုလ်စွဲခဲ့သည့် Grand Royal Challenge ဖလား ပြည်ပဖိတ်ခေါ်ပြိုင်ပွဲ နောက်ပိုင်းတွင် လက်ရွေးစင် အသင်း ဖိတ်ခေါ်ပြိုင်ပွဲအပါအဝင် သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲကို ကျင်းပခြင်း မရှိတော့ပေ။

 

Photo: MFF Facebook

မြန်မာနိုင်ငံဘောလုံးအဖွဲ့အချုပ်အနေဖြင့်၂၀၁၆ ခုနှစ်အတွင်း လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး အသင်းပြိုင်ပွဲများနှင့် အာဆီယံ ဖူဆယ်ချန်ပီယံရှစ် စသည့် နိုင်ငံတကာပြိုင်ပွဲများကို အိမ်ရှင်အနေဖြင့် လက်ခံကျင်းပမည်ဖြစ်ပြီး ၊ ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများ လက်ခံကျင်းပရန် အစီအစဉ်မရှိကြောင်းသိရသည်။

 

Photo: MFF Facebook

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်သည် ၊ ၂၀၀၈ ခုနှစ် က နောက်ဆုံးအကြိမ် ကျင်းပခဲ့ပြီး မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ဗိုလ်စွဲခဲ့သည့် Grand Royal Challenge ဖလား ပြည်ပဖိတ်ခေါ်ပြိုင်ပွဲ နောက်ပိုင်းတွင် လက်ရွေးစင် အသင်း ဖိတ်ခေါ်ပြိုင်ပွဲအပါအဝင် သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲကို ကျင်းပခြင်း မရှိတော့ပေ။

 

Photo: MFF Facebook

လာမည့်နှစ် အတွင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်သည် (၉)ကြိမ်မြောက် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၂)ကြိမ်မြောက် အာဆီယံဖူဆယ်ချန်ပီယံရှစ် (အမျိုးသား)ပြိုင်ပွဲနှင့် (၁၁)ကြိမ် မြောက် ဆူဇူကီးဖလားပြိုင်ပွဲများကို လက်ခံကျင်းပမည်ဖြစ်သည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ