Sports: ရလဒ်ဆိုးတွေကြောင့် အိပ်မပျော်တဲ့ညတွေ ကြုံနေရတဲ့ ဖာဘရီဂတ်စ်

ဖာဘရီဂတ်စ်က ချယ်လ်ဆီးရဲ့ ရလဒ်ဆိုးတွေကြောင့် အိပ်ပျက်ညတွေ ကြုံနေရပြီလို့ ဝန်ခံလိုက်ပါတယ်။

 

နောက်ဆုံးတော့ ဖာဘရီဂတ်စ်က ချယ်လ်ဆီးရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး သူ့ရဲ့ခံစားချက်ကို ပြောကြားလိုက်ပါပြီ။ လက်ရှိရာသီချယ်လ်ဆီးကြုံနေရတဲ့ ရလဒ်ဆိုးတွေကြောင့် သူ့မှာအိပ်မပျော်ရတဲ့ ညတွေတောင် ကြုံနေရပြီလို့ ဖာဘရီဂတ်စ်ကဆိုပါတယ်။

 

ဒါပေမယ့် ချယ်လ်ဆီးအသင်း ဘာမှားနေလဲဆိုတာ သူကိုယ်တိုင်လည်းအဖြေရှာမရသေးဘူးလို့ ဖာဘရီကတက်စ်ကဝန်ခံပါတယ်။ လက်ရှိအချိန်ထိ ၁၂ ပွဲကစားပြီးရာမှာ ချယ်လ်ဆီးက ၇ ပွဲအထိရှုံးပြီး တန်းဆင်းဇုန်အပေါ် သုံးမှတ်အကွာမှာသာ ရှိနေရတဲ့အသင်းဖြစ်ပါတယ်။ ချန်ပီယံကာကွယ်တဲ့ အသင်းတစ်သင်း အနေနဲ့ ရလဒ်ဒီလောက်အထိ ဆိုးရွားတာ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။

 

“လုပ်သမျှ ဖြစ်မလာခဲ့သလို ကျွန်တော်တို့စွမ်းဆောင်ရည်နဲ့ ရလဒ်ကလည်း ထပ်တူမကျပဲ ဖြစ်နေတယ်လို့ ကျွန်တော်ပြောပါရစေ။ ကျွန်တော်တို့ ကောင်းကောင်းကစားခဲ့ပါတယ်။ ဒါပေမယ့် ကံတရားရဲ့ ဖေးမမှုကိုတော့ ဒီနှစ်မရပဲ ဖြစ်နေတယ်” လို့ ဖာဘရီဂတ်စ်က ပြောပါတယ်။

ဒါပေမယ့် မော်ရင်ဟိုကိုတော့ ဖာဘရီဂတ်စ်တို့က အပြည့်အဝ အထောက်ခံနေဆဲ ဖြစ်ပါတယ်။ မော်ရင်ဟို လုပ်နေသမျှ ဘာမှမှားတယ်လို့ သူမမြင်ဘူးလို့ ဆိုပါတယ်။ အဓိကအချက်ကတော့ ဒီရလဒ်ဆိုးတွေက ရုန်းထွက်နိုင်အောင် မိမိတို့ အသင်းသားတွေကိုယ်တိုင် ကြိုးစားရမယ့် အရာလို့ ဖာဘရီဂတ်စ်က တိုက်တွန်းထားပါတယ်။

Source : www.espnfc.com

Photos : www.newslocker.com, www.independent.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ