Sports: ပါရီအကြမ်းဖက်မှုကြောင့် ပြင်သစ်ကိုပြန်မလာချင်သော ဘောလုံးသမားများ

ပါရီရဲ့အကြမ်းဖက်မှုတွေဟာ ဘောလုံးလောကကိုပါ ထိခိုက်လာခဲ့ပြီဖြစ်ပါတယ်။

play

 

ပါရီမြို့တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် ပါရီမြို့မှာအခြေစိုက်တဲ့ ပီအက်စ်ဂျီဘောလုံးအသင်းမှာ ဘောလုံးဆက်မကစားချင်တဲ့ ကစားသမားတွေ ရှိလာပါပြီ။ ဘရာဇီးနောက်ခံ ကစားသမား ဒေးဗစ်လုဇ်ကလည်း နိုင်ငံတကာပြိုင်ပွဲတွေအပြီး ပါရီကိုပြန်ဖို့ အတော်လေးစဉ်းစားနေရပြီလို့ ဝန်ခံထားပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဖြစ်သူ ကာဗာနီကလည်း ပြင်သစ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ပြန်ကစားဖို့ အတော်တွန့်ဆုတ်နေပြီလို့ သူ့ရဲ့လက်ရွေးစင်အသင်းဖော် ဂွန်ဇာလက်က ပြန်ပြီးဖောက်သည်ချလိုက်တာပါ။ အင်္ဂါနေ့မှာ ကစားမယ့် ဥရုဂွေးနဲ့ချီလီတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် ပြင်သစ်သတင်းစာ L’Equipe နဲ့ အင်တာဗျူးမှာ ဂွန်ဇာလက်က အခုလိုဖောက်ပြန်သည်ချခဲ့တာဖြစ်ပါတယ်။

play

 

“ သူတို့လည်း ဒီအကြောင်းပြောနေကြတယ်။ ဒေးဗစ်လုဇ်ဆိုရင်လည်း ပါရီကို ပြန်မသွားချင်တော့ဘူးတဲ့။ ကာဗာနီဆိုရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကိုပြန်မသွားချင်ဘူး ဖြစ်နေတယ်။ တကယ့်ကို ဖြစ်ရပ်ဆိုးကြီးပါပဲ။ ပါရီမြို့အတွက်သာမဟုတ်ပဲ ဘောလုံးလောကအတွက်လည်း ဖြစ်ရပ်ဆိုးပါပဲ” လို့ဂွန်ဇာလက်က ပြောခဲ့တာပါ။

play

 

ပီအက်စ်ဂျီအသင်း ကစားသမားဖြစ်တဲ့ ဒေးဗစ်လုဇ်လည်း အခုလို ပြောပါတယ်။ “ကျွန်တော့်ကောင်မလေးရယ်၊ မိသားစုဝင်အချို့ရယ်၊ သူငယ်ချင်းအချို့က ပါရီမှာ နေကြတာပါ။ သူတို့လည်း ဝမ်းနည်းပြီး ကြောက်ရွံ့နေတယ်။ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိတော့ဘူး။ ပြင်သစ်ကို ပြန်ရောက်ပြီးရင်လည်း ဘာလုပ်ရမလည်း ဆိုတာ မသိတော့ဘူး” လို့ ဆိုပါတယ်။

ကြားဖြတ်ကစားနေတဲ့ နိုင်ငံတကာပွဲတွေက လာမယ့်ကြားရက်မှာ ပြီးဆုံးမှာဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့ရောက်ရင် ပြင်သစ်လီဂူး ပွဲစဉ်တွေ ပြန်စတင်တော့မှာ ဖြစ်ပါတယ်။ ပြင်သစ်မှာ အကြမ်းဖက်ခံရမှုတွေ အကြိမ်ကြိမ်ဖြစ်နေပြီးနောက်ပိုင်း ၂၀၁၆ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲရဲ့ လုံခြုံရေးတွက်လည်း အထူးစိုးရိမ်မှုတွေ ရှိလာပါတယ်။

Source : www.dailymail.com

Photos : www.mirror.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ