Sports: ဂိုးဖမ်းရင် ဦးထုပ်မဆောင်းချင်တော့ဘူးလို့ ပီတာဆက်ခ်ျပြော

ပီတာဆက်ခ်ျက ဦးထုပ်ဆောင်းပြီး ဂိုးဖမ်းရတာကို ဆက်မလုပ်ချင်တော့ဘူးလို့ ဆိုပါတယ်။

play

 

ပီတာဆက်ခ်ျက ဦးထုပ်ဆောင်းပြီး ဂိုးဖမ်းရတာကို ဆက်မလုပ်ချင်တော့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်…

ဦးခေါင်းအကာအကွယ်ဖြစ်စေဖို့ ဦးထုပ်ဆောင်းပြီး ဂိုးဖမ်းနေရတာမျိုးကို ဆက်မလုပ်ချင်တော့ဘူးလို့ အာဆင်နယ်အသင်းဂိုးသမား ပီတာဆက်ခ်ျက ပြောလိုက်ပါတယ်။ သူ့အနေနဲ့ ဦးထုတ်မဆောင်းပဲ အခြားသူတွေလိုပဲ လွတ်လွတ်လပ်လပ် ဂိုးဖမ်းချင်စိတ်က ထိန်းမရအောင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

play

 

ဒါပေမယ့် ပီတာဆက်ခ်ျလုပ်ခွင့်မရပါဘူး။ ဆရာဝန်ကတော့ ပီတာဆက်ခ်ျကို လက်ရှိအချိန်ထိ ဦးထုပ်ဆာင်းပြီး မှသာ ဂိုးဖမ်းဖို့ ညွှန်ကြားထားပါတယ်။ ပီတာဆက်ခ်ျဟာ ဦးထုပ်ဆောင်းပြီး ဂိုးဖမ်းနေရတာ ၉ နှစ်ရှိပြီဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ချယ်လ်ဆီးနဲ့ ရီးဒင်းတို့ရဲ့ပွဲစဉ်မှာ ရီးဒင်းကစားသမား စတီဖင်ဟန့် နဲ့ ထိခိုက်မိခဲ့ပြီးချိန်ကစပြီး ဦးထုပ်ဆောင်းကာ ဂိုးဖမ်းဖို့ ပီတာဆက်ခ်ျမှာ ကြမ္မာဖန်လာခဲ့တာ ဖြစ်ပါတယ်။

play

ဦးခေါင်းဒဏ်ရာမရစဉ်က တွေ့ရသော ပီတာဆက်ခ်ျ

“ဦးထုပ်မဆောင်းပဲသာ ဂိုးဖမ်းရမယ်ဆိုရင် ကျွန်တော်ပိုပြီး ယုံကြည်ချက်ရှိရှိကစားနိုင်မှာ သေချာတယ်။ ဒီဦးထုပ်က ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကစားတဲ့အပေါ် နည်းနည်းတော့ ရိုက်ခတ်မှု ရှိတာပဲဗျ။ ဒါပေမယ့် ဆရာဝန်တွေကတော့ မလုပ်ဖို့ပြောထားတယ်။ ဦးထုပ်ချွတ်ပြီးကစားရင် သူတို့အာမမခံနိုင်ဘူးတဲ့” ဆိုပြီး ပီတာဆက်ခ်ျက ပြောတာပါ။

Source & Photos : www.dailymail.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ