Sports: လာလီဂါ ဥက္ကဌက ရီးရဲလ်မက်ဒရစ်ကို အသည်းစွဲ အားပေးသူဖြစ်

လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဇတေဘက်စ်က ရီးရဲလ်မက်ဒရစ်ပရိသတ်ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ အရေးပါတဲ့ ပရိသတ်တစ်ဦးကို ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပါပြီ။ လက်ရှိ လာလီဂါပြိုင်ပွဲဥက္ကဌ ဂျာဗီရာတေဘက်စ်က သူဟာ ရီးရဲလ်မက်ဒရစ်ပရိသတ်တစ်ဦး ဖြစ်ကြောင်း ဝန်ခံလိုက်လို့  ဖြစ်ပါတယ်။

အင်တဗျူးအစီအစဉ်တစ်ခုက ဥက္ကဌတေဘက်စ်က ဒါကို မမျှော်လင့်ပဲ သူကရီးရဲလ်မက်ဒရစ် ပရိသတ်ဆိုတာကို ဝန်ခံလိုက်တာ ဖြစ်ပါတယ်။ တေဘက်စ်ဟာ ၂၀၁၃ ခုနှစ်ကစပြီး လာလီဂါ ဥက္ကဌဖြစ်လာသူပါ။ သူဟာ ငယ်စဉ်ကတည်းက ရီးရဲလ်မက်ဒရစ်အသင်းကို အားပေးခဲ့သူဆိုတာ အင်တာဗျူးတုန်းမှာ ဝန်ခံလိုက်တာပါ။

play

 

“ ရီးရဲလ်မက်ဒစ်ကို အားမပေးဘူးလို့ ဖြေလိုက်ရင် ကျွန်တော်သူတော်ကောင်ကြီးယောင်ဆောင်ရာ ကျနေပါ့မယ်။ လိမ်ရာကျသွားမှာပေါ့။ လာလီဂါအသင်းအားလုံးကို ကျွန်တော်အားပေးပါတယ်လို့ ပြောရင်တောင်မှ ရီးရဲလ်မက်ဒရစ်ဟာ ကျွန်တော်ငယ်စဉ်ကတည်းက အားပေးခဲ့ရတဲ့ အသင်းပါ။ မက်ဒရစ် နိုင်င်တဲ့အခါ သူငယ်ချင်းတွေနဲ့  ဘားမှာ အောင်ပွဲခံခဲ့ဖူးပါတယ်” လို့တေဘက်စ်ကပြောပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတွေ့ဆုံတဲ့ အယ်ကလက်စီကိုပွဲတွေကို နိုင်ငံပြင်ပမှာ ကျင်းပပြီး စီးပွားရှာသင့်တယ်လို့ ပြောတာကိုလည်း ဥက္ကဌတေဘက်စ်က ကန့်ကွက်ထားသူဖြစ်ပါတယ်။ အယ်ကလက်စီကိုက လာလီဂါရဲ့ အသည်းနှလုံးပွဲ ဖြစ်တာကြောင့် ဒါမျိုးမဖြစ်သင့်ဘူးလို့ သူက ဆိုပါတယ်။

play

 

Source : www.goal.com

Photos : www.zenews.india.com, www.footballfashion.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ