Sports: ဧရာဝတီလူငယ်အသင်း၌ ပါဝင်ကစားလိုသူများ လာရောက်အရွေးခံနိုင်

ယခင်နှစ် လူငယ်လိဂ် ပြိုင်ပွဲဝင်အသင်းမှ အသက်မီသည့် ကစားသမား ၁၆ ဦး ကျန် ရှိနေသော်လည်း အသင်းတစ်သင်း ဖွဲ့စည်းရန် ကစားသမား မလုံလောက်မှုကြောင့် ယခုလိုဖိတ်ကြားခြင်းဖြစ်သည်။

play

 

၂၀၁၆ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အသက်(၁၉)နှစ်အောက် လူငယ်အမှတ်ပေးပြိုင်ပွဲဝင် ဧရာဝတီအသင်း၌ ပါဝင်ကစားလိုသည့် လူငယ်ကစားသမားများ အနေဖြင့် ဧရာဝတီယူနိုက်တက်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်များ၌ လာရောက်ရွေးချယ်ခံနိုင်ကြောင်း သိရသည်။

play

 

ဧရာဝတီယူနိုက်တက်အသင်းသည် ယခင်နှစ် လူငယ်လိဂ် ပြိုင်ပွဲဝင်အသင်းမှ အသက်မီသည့် ကစားသမား ၁၆ ဦး ကျန် ရှိနေသော်လည်း အသင်းတစ်သင်း ဖွဲ့စည်းရန် ကစားသမား မလုံလောက်မှုကြောင့် ရွေးချယ်ခံလိုသည့် ကစားသမားများအား ဖိတ်ခေါ်ခြင်းဖြစ်ပြီး ၊ နည်းပြမှ ကြိုက်နှစ်သက်ပါက တရားဝင်ခေါ်ယူသွားမည်ဖြစ်သည်။

play

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ၂၀၁၅ မြန်မာလိဂ်လူငယ်ပြိုင်ပွဲကို အသက် (၂၀)နှစ်အောက် ပြိုင်ပွဲအဖြစ် ကျင်းပခဲ့သော်လည်း ၊ လာမည့် ၂၀၁၆ မြန်မာလိဂ်လူငယ်ပြိုင်ပွဲ ကို ယူ-၁၉ ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်သည့် အတွက် ယခင်နှစ် ကစားသမား အများစုသည် အသက်ကျော်နေခြင်းကြောင့် လာမည့် လူငယ်လိဂ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မည် မဟုတ်ပေ။

play

 

ထို့အပြင် လက်ရှိ လူငယ်လိဂ် ချန်ပီယံ ရန်ကုန်ယူနိုက်တက်၊ ဇေယျာရွှေမြေ အစရှိသည့် အသင်းများသည် လူရွေးချယ်ပွဲများ ပြုလုပ်လျက်ရှိသည်။

Photo: Ayeyawady United FC Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ