Sports: ပြင်သစ်ဘက်မှာ ပရိသတ်အားလုံးရပ်တည်ကြမယ့် ခြေစမ်းပွဲ

ဒီကနေ့ညကစားကြမယ့် အင်္ဂလန်နဲ့ ပြင်သစ်ခြေစမ်းပွဲက သာမန်ခြေစမ်းပွဲတစ်ပွဲထက် အဓိပ္ပါယ်ပိုပါတယ်။

play

ထောင်စုနှစ်ကွင်းက ပြင်သစ်အလံမီးရောင်စုံ

ဒီကည အင်္ဂလန်ထောင်စုနှစ်ကွင်းကြီး အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပြင်သစ်လက်ရွေးစင် အသင်းတို့ရဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဥရောပအသင်းကြီးနှစ်သင်းရဲ့ သာမန်ချစ်ကြည်ရေး ခြေစမ်းပွဲမျိုးထက် အဓိပ္ပါယ်များစွာ ပိုရှိတာကို ဒီနေ့ည တွေ့ရမှာပါ။ ဘာကြောင့်ပါလဲ။

play

 

ပြီးခဲ့ရက်တဲ့သောကြာနေ့ကမှ ဖြစ်ထားတဲ့ ပါရီအကြမ်းဖက်မှုကို ရင်ဆိုင်ခဲ့ရတဲ့ ပြင်သစ်ဟာ ဒီခြေစမ်းပွဲကို ဖျက်သိမ်းချင်ရင် အလွယ်တကူဖျက်သိမ်းပစ်လိုက်လို့ ရပါတယ်။ ဒါပေမယ့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ပွဲမဖျက်ပဲ စီစဉ်ထားတဲ့အတိုင်း ဆက်ကစားဖို့ သဘောတူခဲ့တာပါ။ ဒါဟာ ဘာအဓိပ္ပါယ်လဲဆိုရင် အင်္ဂလန်နဲ့ ပြသစ်ရဲ့ ခြေစမ်းပွဲမှာ သိန်းနဲ့ချီတဲ့ ပရိသတ်တွေနဲ့အတူ အားလုံးဟာပြင်သစ်ဘက်က မားမားမတ်မတ် ရပ်တည်တယ်ဆိုတာ ပြသဖို့ ဒီပွဲကို မဖျက်ခဲ့တာဖြစ်ပါတယ်။

play

ထောင်စုနှစ်ကွင်းမှာ လုံခြုံရေး ယူထားကြသူများ

ဒီကနေ့ညပွဲဟာ အင်္ဂလန်ရဲ့အိမ်ကွင်းဖြစ်တဲ့ ထောင်စုနှစ်ကွင်းကြီးမှာ ကျင်းပမှာ ဖြစ်ပေမယ့်လည်း ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ အကြမ်းဖက်မှုကို ရှုံ့ချသူတွေကပါ ကွင်းထဲမှာ တပါတည်းတွေ့ရဦးမှာဖြစ်ပါတယ်။

play

ကာတွန်းဆရာ အိုမာရဲ့ လက်ရာ

ဒီကနေ့ ကစားကြမယ့် ခြေစမ်းပွဲဟာ သာမန်ပွဲစဉ်ပိုပြီး ကြီးကျယ်မြင့်မြတ်တယ်လို့ အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်ကလည်း ပြောထားပါတယ်။ ဒီတော့ များစွာသော ပရိသတ်တွေ ဘောလုံးအားကစားနဲ့အတူ အကြမ်းဖက်မှုကို ဘယ်လိုရှုံ့ချပြီး ပြင်သစ်ဘက်က ရပ်တည်နေကြလဲဆိုတာ ဒီကနေ့ ထောင်စုနှစ်ကွင်းက အဖြစ်အပျက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

Source : www.goal.com

Photos : www.dailymail.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ