Sports: အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့်မှုပြုလုပ်မည်

မြန်မာအမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ၂၀၀၄၊ ၂၀၀၇ နှစ်များက (၂) ကြိမ်ဗိုလ်စွဲထားသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီလအတွင်း မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပရန်စီစဉ်ထားသည့် (၉) ကြိမ်မြောက် အာဆီယံချန်ပီယံရှစ် (AFF Women’s Championship) ပြိုင်ပွဲမတိုင်မီ လေ့ကျင့်ရေးအစီအစဉ်များကို ယခုလ နိုဝင်ဘာလ ၂၂ ရက် (သို့) ၂၃ ရက်နေ့တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲမတိုင်မီ ပြည်ပနည်းပြတစ်ဦးခန့်အပ်ရန်စီစဉ်ထားသော်လည်း လတ်တလောတွင် ပြည်တွင်းနည်းပြ ဒေါ်သက်သက်ဝင်းကိုပင် ဆက်လက်တာဝန်ပေးမည်ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ၂၀၀၄၊ ၂၀၀၇ နှစ်များက (၂) ကြိမ်ဗိုလ်စွဲထားသည်။

Photo: www.shwedarling.com, www.youtube.com

 

 

 

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ