Sports: အကျဉ်းဆုံးနေရာမှာတောင် ကားပါကင် ရအောင်ထိုးနိုင်သူ

, updated

ကားတစ်စီးစာသာ နေရာလွတ်တာကို မော့ဖတ်ကတော့ တစ်ချက်တည်းပါကင်ထိုးပြပြီး ဂင်းနစ်မှတ်တမ်း ဝင်သွားပါပြီ။

play

 

လူစည်ကားရာနေရာတစ်ခုကို ရောက်တဲ့အခါ ကားပိုင်ရှင်တွေအတွက် ပြဿနာက ကားပါကင်နေရာပဲ ဖြစ်ပါတယ်။ မော်တော်ကားတွေကို အလှပြမောင်းနှင်ရာမှာ ကျွမ်းကျင်သူ အလက်စတဲရ်မော့ဖက်အတွက်တော့ ပါကင်ထိုးဖို့ ပြဿနာမရှိလောက်ပါဘူး။

play

 

ဘာကြောင့်လဲဆိုတော့ သူက ကားတစ်စီးစာနေရာသာ ကွက်တိကျန်တဲ့ ကားပါးကင်နေရာကိုတောင် ဘယ်ကိုမှ အထိအခိုက်မရှိအောင် ပါကင်ထိုးနိုင်လို့ဖြစ်ပါတယ်။ မီနီကူးပါးတစ်စီးနဲ့ သူရဲ့ပါကင်ထိုး ကျွမ်းကျင်မှုကို ဂင်းနစ်မှတ်တမ်းတင်ဖို့ ကြိုးစားခဲ့တာပါ။ တကယ်လည်း အောင်မြင်သွားခဲ့ပြီး အရှေ့အနောက် ကားနှစ်စီးရဲ့ ကြားထဲမှာ ကားတစ်စီးစာသာ လွတ်တော့တဲ့နေရာကို သူက ရအောင်ကားပါကင် ထိုးပြနိုင်ခဲ့ပါတယ်။ ပါကင်ထိုးပြီးတဲ့အခါ အရှေ့အနောက်ကားနှစ်စီးနဲ့ သူ့ရဲ့ကားအကွာအဝေးဟာ ၃၄ စင်တီမတာသာ ရှိပါတော့တယ်။

play

ပါကင်ထိုးပြီးချိန်မှာ ကားနှစ်စီးအကြား အကွာအဝေးက ၃၄ စင်တီမီတာသာ ရှိပါတယ်။

အကျဉ်းဆုံးကားပါကင်ကို ရအောင်ထိုးပြနိုင်သူဆိုပြီး ကမ္ဘာ့ဂင်းနစ်မှတ်တမ်းလည်း ဝင်သွားပါပြီ။ သူ့ရဲ့ ပါကင်ထိုး ကျွမ်းကျင်မှုကို အောက်မှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ ပါကင်တော့ ချောချောမောမော ထိုးနိုင်ခဲ့ပေယ့် သူဘယ်လိုပြန်ထွက်မလဲဆိုတာတော့ စဉ်းစားစရာ ဖြစ်ပါတယ်။

Source & Photos : www.guinnessworldrecords.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ