Sports: မဲခေါင်ကလပ်ချန်ပီယံရှစ် ပွဲကြို သတင်းစာရှင်းလင်းပွဲ ကျင်းပမည်

ပွဲရလဒ်အား ခန့်မှန်းရာမှာ မှန်ကန်သည့် အုပ်စုများအား ဘန်ကောက်တွင် ကျင်းပမည့်  မဲခေါင်ကလပ်ချန်ပီယံရှစ် ဗိုလ်လုပွဲသို့ သွားရောက်ကြည့်ရှုခွင် ကံစမ်းမဲဖောက်ပေးသွားမည်။

play

 

၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ (၂၁) ရက်နေ့ ၊ နံနက် (၁၁) နာရီတွင် ဟိုတယ် ရန်ကုန်၌ မဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲဝင် ရန်ကုန်ယူနိုက်တက်နှင့် လာအိုတိုယိုတာတို့၏ ပွဲကြို သတင်းစာရှင်းလင်းပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

play

 

အထူးအစီအစဉ်တစ်ခုအနေဖြင့် ပွဲကြည့်သည့် ပရိသတ် (၅) ယောက် တစ်အုပ်စီ စုဖွဲ့၍ ပွဲရလဒ်အား ခန့်မှန်းခွင့် ရယူဖြည့်စွက်ကာ ၊ မှန်ကန်သည့် အုပ်စုများအား ဘန်ကောက်တွင် ကျင်းပမည့် မဲခေါင်ကလပ် ချန်ပီယံရှစ် ဗိုလ်လုပွဲသို့ သွားရောက်ကြည့်ရှုခွင် ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်လည်းပါဝင်သည်။

play

 

ယင်း မဲခေါင်ကလပ်ချန်ပီယံရှစ် တွင် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်း စသည့် 
နိုင်ငံများမှ ကလပ်အသင်းတစ်သင်းစီ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကာ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများက ပထမအဆင့် အိမ်ကွင်း၊ အဝေးကွင်း သုံးပွဲ ယှဉ်ပြိုင်ကစားပြီး ယင်းအဆင့်မှ တက်ရောက်လာသည့်အသင်းမှာ ဒုတိယအဆင့်တွင် ဗီယက်နမ်ကလပ် Becamex Binh Duong နှင့် ဒုတိယအဆင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

တတိယအဆင့်တွင် ဒုတိယအဆင့်မှ တက်ရောက်သည့် အသင်းနှင့် ထိုင်းကလပ်အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
 

မြ၀တီရုပ်မြင်သံကြားမှ ရန်ကုန်ယူနိုက်တက်နှင့် လာအိုတိုယိုတာတို့၏ ပွဲစဉ်အား တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Photo: www.toyotamekongfootball.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ