Sports: ပီအက်စ်ဂျီမှာ ပြန်တွေ့ကြဦးမယ့် မော်ရင်ဟိုနဲ့ နောက်နှစ်ရာသီ

ဒီဆရာတပည့်ဟောင်း နှစ်ဦး ပီအက်စ်ဂျီမှာ လာမယ့်ရာသီ ပြန်တွေ့ကြမယ်လို့ သတင်းတွေက ဆိုလာပြန်ပါပြီ။

play

 

ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့အကောင်းဆုံး ကစားသမားနဲ့ မန်နေဂျာ ရောက်ဖို့ အတော်လေး နီးစပ်နေပြီလို့ ဒီကနေ့သတင်းတွေက ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်ကနေ ရော်နယ်ဒို အသင်းပြောင်းတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန်ပြန့်ထွက်နေပြီးတဲ့နောက် အခုလို သတင်းထွက်လာတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုတစ်ယောက် ပြင်သစ်ကလပ် ပီအက်စ်ဂျီထံ ရောက်လာနိုင်တဲ့အကြောင်းကို ပြင်သစ် လက်ရွေးစင်ဟောင်း ဂျီနိုလာက ပြောလိုက်တာဖြစ်ပါတယ်။ သူက မော်ရင်ဟိုပါ ရောက်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာပါ။ “သူ(ရော်နယ်ဒို)က စိန်ခေါ်မှု အသစ်တွေလိုနေတဲ့သူလေ။ အဲဒါကြောင့် လာမယ့်နှစ်ဆို သူ့ကို ပီအက်စ်ဂျီမှာ မြင်ရမယ်လို့ ကျွန်တော်ထင်တယ်” လို့ ဂျီနိုလာက ပြောတာပါ။

play

 

အဆိုပါ ကစားသမားနဲ့ နည်းပြတို့နှစ်ဦးဟာ ငွေကြေးလည်းပူပင်စရာ မလိုတော့တာကြောင့် အခြားစိန်ခေါ်မှုတွေကို ရှာဖို့ ပီအက်စ်ဂျီတစ်နေရာသာရှိတော့တယ်လို့ ဂျီနိုလာက သုံးသပ်တာပါ။ ရော်နယ်ဒိုကနဲ့ မော်ရင်ဟိုသာ လာချင်တယ်ဆိုရင် သူတို့နှစ်ဦးအတွက် ကာတာသဌေးတွေကလည်း ဘယ်လောက်ကုန်ကုန် အကုန်ကျခံနိုင်လိမ့်မယ်လို့ ယုံကြည်ရကြောင်း ဂျီနိုလာက ပြောပါတယ်။

play

 

ပီအက်စ်ဂျီအသင်းဘက်ကလည်း ဒီရာသီကုန်ရင် လောရင့်ဘလန့်နေရာအစားထို့ဖို့ မော်ရင်ဟို၊ ဂွါဒီယိုလာနဲ့ အာစင်ဝင်းဂါးတို့ကို ရည်ရွယ်ထားတယ်လို့ Goal.com ကဖော်ပြထားပါတယ်။

Source : www.goal.com

Photos : www.psg.fr

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ