Sports: နည်းပြဗန်ဟားလ်ကို ထုံအသူ တစ်ဦးလို့ ထင်ခဲ့တဲ့ ဇာဗီ

တစ်ချိန်က ဗန်ဟားလ်လက်အောက်မှာ ကစားခဲ့ဖူးသူ ဇာဗီက သူ့ကို တကယ်စမတ်ကျတဲ့ နည်းပြတစ်ယောက် မဟုတ်ဘူးလို့ ထင်ခဲ့တာပါ။

 

ဘောလုံးလောကမှာ အောင်မြင်မှုအစဉ်အလာ ကြီးမားခဲ့ပြီး လက်ရှိမန်ယူအသင်းနည်းပြ ဖြစ်နေတဲ့ ဗန်ဟားလ်ကို ငတုံးကြီးလို့ ထင်ခဲ့မိသူ တပည့်တစ်ဦးရှိခဲ့ဖူးပါတယ်။ သူက ဇာဗီပါ။

ဒါပေမယ့်လည်း တစ်ပတ်လောက်အကြာမှာတော့ ဗန်ဟားလ်ရဲ့ လုပ်ရပ်တွေဟာ မှန်ကန်ခဲ့တယ်ဆိုတာ သူအသိတရားရလာခဲ့တယ်လို့ ဇာဗီက ပြောပါတယ်။ ဘာစီလိုနာကို နည်းပြဗန်ဟားလ် စတင်ကိုင်တွယ်စဉ်တုန်းက ဇာဗီက ဒီလိုတွေးမိခဲ့တာဖြစ်ပါတယ်။ “ အစပိုင်း နှစ်ရက်လောက် အထိ ဒီငတုံးကြီးက ဘယ်သူလဲဟ လို့ ကျွန်တော်တွေးမိခဲ့ပါတယ်။ ဒါပေမယ့် တစ်ပတ်လောက်ကြာတော့ သူ့ရဲ့ လုပ်ရပ်တွေ မှန်တယ်ဆိုတာ သိလာတော့တာပါပဲ” ဇာဗီက ပြောပါတယ်။

 

ဇာဗီက ဘာစီလိုနာအသင်းကထွက်လာပြီးနောက်ပိုင်း ကာတာကလပ် အယ်ဆက်အသင်းမှာ ကစားနေသူ ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့နည်းပြဗန်ဟားလ်ဟာ နည်းပြကောင်းတစ်ဦးဖြစ်သလို လေ့ကျင့်ရေးမှူးကောင်းတစ်ဦးလည်း ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်လို့ ဇာဗီက ဆိုပါတယ်။

နည်းပြဗန်ဟားလ် ဘာစီလိုနာကို ကိုင်တွယ်ခဲ့စဉ်က

“အခု သူပရီးမီးယားလိဂ်မှာ အေးအေးဆေးဆေးပဲ နေနေတာ တွေ့ရတယ်။ အဲဒါက ဖိအားတွေ ကင်းတယ်လေ။ ဘိုင်ယန်နဲ့ ဘာကာမှာ ရှိခဲ့စဉ်ကထက် သူပိုပြီး တည်တည်ငြိမ်ငြိမ် ဖြစ်နေတာ တွေ့ပါတယ်” လို့ ဇာဗီက ပြောတာပါ။ ဗန်ဟားလ်ရဲ့ အချို့သောနည်းဗျူဟာတွေဟာ နားလည်ရခက်နေဆဲ ဖြစ်တာကြောင့် ဝေဖန်မှုလည်း ခံနေရသူနည်းပြဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ