Sports: ဂျာမနီနဲ့ နယ်သာလန် ခြေစမ်းပွဲ မကစားခင် ဗုံးတွေ့လို့ ပွဲစဉ်ဖျက်သိမ်း

ပွဲမစခင် နှစ်နာရီလောက်အလိုမှာပဲ လုံခြုံရေးအရ ပွဲကိုဖျက်သိမ်းကို ကြေငြာခဲ့ရပါတယ်။

play

ဂျာမနီအသင်းအတွက်တော့ တစ်ပတ်အတွင်း အကြမ်းဖက်မှုကို နှစ်ကြိမ်ကြုံခဲ့ရတာပါ။

အကြမ်းဖက်ဗုံးဖောက်ခွဲမယ့် အရာတွေလို့ယူဆရတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ဟန်နိုဗာဘောလုံးကွင်းမှာ တွေ့ရှိခဲ့တာကြောင့် ဂျာမနီနဲ့ နယ်သာလန်တို့ရဲ့က ခြေစမ်းပွဲကို ဖျက်သိမ်းလိုက်ပါတယ်။ အင်္ဂါနေ့ညက ကစားဖို့ စီစဉ်ခဲ့တဲ့ ဒီခြေစမ်းပွဲမစခင် နှစ်နာရီလောက်အလိုမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

play

ကွင်းလုံခြုံရေး ယူထားတဲ့ အထူးရဲမေများ

ဖောက်ခွဲရေး ပစ္စည်းတွေ အချိန်မီတွေ့ရှိခဲ့ပေမယ့်လည်း လုံခြုံရေးအရ စိုးရိမ်မှုတွေ ရှိနေခဲ့ရတာကြောင့် ပွဲဖျက်သိမ်းလုက်ခြင်း ဖြစ်တယ်လို့ မြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ ဗော့ကာကလူဝီက ပြောလိုက်ပါတယ်။ ဒီခြေစမ်းပွဲကို ဂျာမန်အဓိပတိ အိန်ဂျလာမာခဲလ်လည်း တက်ရောက်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပြီး ပရိသတ်ပေါင်း ၄၉၀၀၀ လောက်ဝင်ဆန့်တဲ့ ကွင်းမှာ ဒီလိုလုံခြုံရေးအရ စိုးရိမ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

play

ပရိသတ်တွေကလည်း အကြမ်းဖက်မှုကို ဒီလိုနည်းနဲ့ ရှုံ့ချကြပါတယ်။

ဂျာမန်လက်ရွေးစင်အသင်းလည်း စိတ်ချရတဲ့အထိ ရဲတပ်ဖွဲ့အစောင့်အရှောက်နဲ့သာ နေခဲ့ရတာပါ။ လုံခြုံရေးအရ စိုးရိမ်ရတာကြောင့် မိမိအမိန့်နဲ့ ပွဲဖျက်ခိုင်းခဲ့တာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး သောမတ်စ်က ပြောပါတယ်။

play

ဘောလုံးကွင်းဟာ ကန့်သတ်နယ်မြေဖြစ်သွားပါတယ်။

ဒီပွဲမတိုင်ခင် ဘရက်ဆဲလ်မြို့မှာ ကစားဖို့စီစဉ်ခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ စပိန်ရဲ့ ခြေစမ်းပွဲစဉ်လည်း လုံခြုံရေး အကြောင်းပြချက်ကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ တစ်နေ့တည်းမှာ ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ပြင်သစ်ရဲ့ ပွဲစဉ်မှာတော့ ဒီလိုပြဿနာမဖြစ်ပွားပဲ ပွဲကိုကျင်းနိုင်ခဲ့ပါတယ်။

play

 

ပြင်သစ်နိုင်ငံ ပါရီမှာ သောကြောနေ့က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း ဥရောပနိုင်ငံတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်အဆင့်ကို ရောက်ရှိနေရပါတယ်။

Source : www.bbc.com

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ