Sports: အီဗရာဟီမိုဗစ်ခ်ျ သွင်းဂိုးတွေနဲ့ ဆွီဒင်ခြေစစ်ပွဲအောင်

အသင်းအတွက် အရေးပါတဲ့ဂိုးတွေကို အီဗရာဟီမိုဗစ်ခ်ျက သွင်းယူပေးခဲ့လို့ ဆွီဒင်အသင်း ဥရောပချန်ပီယံရှစ် ကစားရတော့မှာပါ။

play

ပွဲအပြီး အောင်ပွဲခံနေတဲ့ ဆွီဒင်သူရဲကောင်း

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက ဆွီဒင်လက်ရွေးစင်အသင်းကို ဥရောပချန်ပီယံရှစ် ကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြန်ပါတယ်။ play-offs ရှုံးထွက်ခြေစစ်ပွဲ ဒုတိအကျော့မှာ အိမ်ရှင် ဒိန်းမတ်ကို အီဗရာဟီမိုဗစ်ချက ၂ ဂိုးသွင်းပြီး သူရဲကောင်းဖြစ်ခဲ့တာပါ။

play

ပြစ်ဒဏ်ဘောမှတဆင့် ဂိုးသွင်းယူအပြီး အောင်ပွဲခံ

ဆွီဒင်ဟာ ပထမဆင့်ခြေစစ်ပွဲမှာ တတိယသာရပြီး တိုက်ရိုက်မအောင်မြင်ခဲ့တာကြောင့် ဒိန်းမတ်နဲ့ ရှုံးထွက်ပွဲစဉ် ကစားခဲ့ရတာပါ။ ဒိန်းမတ်နဲ့ကစားတဲ့အခါ ပထမအကျော့ ဆွီဒင်ရဲ့ အိမ်ကွင်းမှာ ၂-၁ နဲ့ပွတ်ကာသီကာ အနိုင်ရခဲ့တာကြောင့် ခြေစစ်ပွဲအောင်ဖို့အရေး စိတ်မချဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် မနေ့က ကစားခဲ့တဲ့ ဒိန်းမတ်ရဲ့ အိမ်ကွင်းမှာတော့ အီဗရာဟီမိုဗစ်ခ်ျက  ဦးဆောင်ဂိုးနှစ်ဂိုးသွင်းပြီး ဆွီဒင်အတွက် သူရဲကောင်းဘွဲ့ ခံခဲ့တာပါ။ ၁၉ မိနစ်နဲ့ ၇၆ မိနစ်မှာ အီဗရာဟီမိုဗစ်ခ်ျက ဦးဆောင်ဂိုးနှစ်ဂိုးသွင်းခဲ့ပေမယ့် ဒိန်းမတ်က ၈၁ နဲ့ ၉၀ မိနစ်မှာ နှစ်ဂိုးပြန်သွင်းခဲ့ပါသေးတယ်။ အဆုံးသတ်မှာတော့ ဆွီဒင်က ဒိန်းမတ်ကို နှစ်ကျော့ပေါင်း ရလဒ် ၄-၃  ဂိုးနဲ့နိုင်ပြီး ဥရောပချန်ပီယံရှစ် ကစားရဖို့ သေချာသွားပါတယ်။

play

အီဗရာဟီမိုဗစ်ခ်ျရဲ့ ပြစ်ဒဏ်ဘောကို မကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား ကတ်စ်ပါရှမိုက်ကယ်

မနေ့က ဥရောပခြေစစ်ပွဲ Play-Offs နှစ်ပွဲကစားခဲ့ကြရာမှာ ဆွီဒင်အပြင် ယူကရိန်းကလည်း ဆလိုဗေးနီးယားကို အနိုင်ယူပြီး ခြေစစ်ပွဲအောင်ခဲ့ပါတယ်။

Source : www.goal.com

Photos : www.dailymail.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ