Sports: အင်္ဂလန်-ပြင်သစ် ခြေစမ်းပွဲအပြီး တွေးစရာ ၅ ချက်

အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့အတွက် လူထုကိုစည်းရုံးရာမှာ ဘောလုံးအားကစားကလည်း အရေးပါတယ်ဆိုတာ ထင်ရှားပါတယ်။

play

 

လုံခြုံရေးအရ စိုးရိမ်ထိတ်လန့်ခဲ့ရတဲ့ အင်္ဂလန်နဲ့ ပြင်သစ်တို့ရဲ့ ခြေစမ်းပွဲကတော့ အဖုအထစ်မရှိ ပြီးဆုံးသွားပါပြီ။ ထောင်ပေါင်းများစွာသော ပရိသတ်တွေနဲ့အတူ အကြမ်းဖက်မှုကို အင်္ဂလန်ထောင်စုနှစ် ကွင်းကြီးထဲမှာ ရှုံ့ချပြီး ခဲ့တဲ့ ဖြစ်ရပ်ကိုလည်း တွေ့ရမှာပါ။ ဒီပွဲအပြီး ရလိုက်တဲ့ သင်ခန်းစာ ၅ ခုကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ပြင်သစ်အတွက် အားလုံးတသားတည်း ရပ်တည်ကြခြင်း

play

နည်းပြနှစ်ဦးနှင့် ဗြိတိန်မင်းသားဝီလျံ

ဒီခြေစမ်းပွဲအဖွင့်မှာ အင်္ဂလန်မန်နေဂျာ ရွိုင်းဟော့ဆန်၊ မင်းသားဝီလျံနဲ့ ပြင်သစ်နည်းပြ ဒတ်ချမ့်တို့က အကြမ်းဖက်မှု ဓားစာခံတွေကိုရည်စူးတဲ့ ပန်းစည်းတွေ ကိုင်ကာကွင်းထဲ ဝင်ရောက်လာပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သတ်လာရင် ဘယ်သူမှ အကြမ်းဖက်သမားတွေဘက်မှာ မရှိဘူးဆို ပရိသတ်တွေကိုယ်တိုင် ပါဝင်သက်သေပြလိုက်ကြတာပါ။ ဘောလုံးအားကစားရဲ့ စည်းရုံးသိမ်းသွင်းနိုင်မှုဟာ အင်အာကြီးမားပါတယ်။

ပရိသတ်များ ညီညွတ်ကြခြင်း

play

ပြင်သစ်ပရိတ်သတ်များ

သာမန်ပြိုင်ပွဲတစ်ခုမှာဆိုရင်တော့ အင်္ဂလန်နဲ့ ပြင်သစ်တွေ့ဆုံမှုဟာ ပရိသတ်တွေအတွက်ပါ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု ဖြစ်မှာပါ။ ဒါပေမယ့် ယမန်နေ့ညကပွဲမှာတော့ ပရိသတ်အချင်းချင်း တသားတည်းဖြစ်ခဲ့ပြီး ဒီပွဲမှာ အဓိကပြလိုတာက အသင်းအပေါ် အားပေးမှုထက် လူအဖွဲ့အစည်းအတွက် အကြမ်းဖက်မှုကို ဆန့်ကျင်ဖို့ ဆိုတာ နှစ်ဖက်ပရိသတ် သက်သေပြသွားပါတယ်။ ပါရီအကြမ်းဖက်မှုမှာ သေဆုံးခဲ့ရသူတွေအတွက် ပြင်သစ်အားပေးသူတွေက ဂုဏ်ပြုတဲ့အခါ အင်္ဂလန်ပရိသတ်တွေဘက်က ဘာစည်းချက်သံမှ မထွက်ပဲ တိတ်ဆိတ်ပေးခဲ့တာ တွေ့ရပါတယ်။

အင်္ဂလန်ကွင်းလယ်မျိုးဆက်သစ် ထွက်လာခြင်း

play

အဖွင့်ဂိုးသွင်းနေတဲ့ အယ်လီ

လူကာမိုဒရစ်နေရာ ဆက်ခံထားတဲ့သူလို့ နာမည်ရနေတဲ့ စပါးကွင်းလယ်ကစားသမားလေး ဒီးလ်အယ်လ်က ဒီပွဲမှာ ခြေစွမ်းပြသွားခဲ့ပါတယ်။ ၁၉ နှစ်သာရှိသေးတဲ့ ဒီကစားသမားလေးက အင်္ဂလန်အတွက် အဖွင့်ဂိုး သွင်းပေးခဲ့တာဖြစ်ပြီး ကွင်းလယ်ဖန်တီးရှင် လိုအပ်နေတဲ့ အင်္ဂလန်အတွက် သက်ပြင်းချနိုင်ခဲ့ပါပြီ။

ရွန်နေး ပုံမှန်ခြေပြန်ရခြင်း

play

ဒုတိယဂိုးသွင်းနေတဲ့ ရွန်နေး

နောက်ထပ်ဝမ်းသားစရာကောင်းတာကတော့ တိုက်စစ်မှူးရွန်နေး ပုံမှန်ခြေစွမ်းပြန်ရလာတာပါပဲ။ အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး စံချိန်ရထားတဲ့ ရွန်နေးက ဂိုးတွေဆက်သွင်းနေတုန်း ဖြစ်ပါတယ်။ အသင်းအတွက် ဒုတိယဂိုးကို ရွန်နေးက မြေမကျဂိုး ကန်ချက်နဲ့ အဆုံးသတ်ခဲ့တာပါ။

နောက်ခံလူ ဂျွန်စတုန်း ခြေစွမ်း

play

ဂျွန်စတုန်းနှင့် ပြင်သစ်ကစားသမား အန်ဒရေပီယားရ်

ဒီအဲဗာတန် နောက်ခံလူဂျွန်စတုန်းက မန်ယူအသင်းလိုချင်နေတဲ့ ကစားသမား လည်းဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ခြေစွမ်းအရ ဂျွန်စတုန်းက အင်္ဂလန်လက်ရွေးစင်မှာ ပွဲထွက်ခွင့်ရဖို့ ထိုက်တန်တယ်လို့ ဆိုနိုင်ပါတယ်။ တကယ့်ပြဿနာက ဂျွန်စတုန်းကို ဘယ်သူနဲ့ တွဲကစားခိုင်းရမလဲ ဆိုတာပါပဲ။

Source & Photos : www.telegraph.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ