Sports: ရန်ကုန်ယူနိုက်တက်နှင့် လာအိုတိုယိုတာ အသင်းတို့ပွဲတွင် ဂိမ်းနှင့် ကံစမ်းမဲ အစီအစဉ်များ ပါဝင်မည်

လက်မှတ်များအား သုဝဏ္ဏအားကစားကွင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး၊ အောင်ဆန်းကွင်းနှင့် ပဒုမ္မာကွင်းများ၌ နိုဝင်ဘာလ (၂၀) ရက်နေ့မှ စတင်ပြီး နံနက် (၉း၃၀) နာရီမှ ညနေ (၅) နာရီအထိ ရောင်းချပေးသွားမည်။

play

 

၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ (၂၂) ရက်နေ့ ၊ ညနေ (၄) နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် လာအိုတိုယိုတာအသင်းတို့၏ မဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဂိမ်းနှင့် ကံစမ်းမဲအစီအစဉ်များအပြင် နာမည်ကြီးအဆိုတော်များဖြစ်သည့် နီနီခင်ဇော်၊ Rဇာနည်နှင့် အိမ့်ချစ်တို့၏ ဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

play

အဆိုပါပွဲ လက်မှတ်များအား သုဝဏ္ဏအားကစားကွင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး၊ အောင်ဆန်းကွင်းနှင့် ပဒုမ္မာကွင်းများ၌ နိုဝင်ဘာလ (၂၀) ရက်နေ့မှ စတင်ပြီး နံနက် (၉း၃၀) နာရီမှ ညနေ (၅) နာရီအထိ ၊ အထူးတန်း ကျပ် ၂,၀၀၀ နှင့် ရိုးရိုးတန်း ကျပ် ၁,၀၀၀ သက်မှတ်ရောင်းချပေးသွားမည်ဖြစ်သည်။

play

 

မဲခေါင်ကလပ်ချန်ပီယံရှစ်တွင် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်း အစရှိသည့်နိုင်ငံများမှ ကလပ်အသင်းတစ်သင်းစီ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများက ပထမအဆင့် အိမ်ကွင်း၊ အဝေးကွင်း သုံးပွဲ ယှဉ်ပြိုင်ကစားပြီး ယင်းအဆင့်မှ တက်ရောက်လာသည့်အသင်းမှာ ဒုတိယအဆင့်တွင် ဗီယက်နမ်ကလပ် Becamex Binh Duong နှင့် ဒုတိယအဆင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ တတိယအဆင့်တွင် ဒုတိယအဆင့်မှ တက်ရောက်သည့် အသင်းနှင့် ထိုင်းကလပ်အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ တိုယိုတာမဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အိမ်ရှင် ဗီယက်နမ်ကလပ် Becamex Binh Duong က မြန်မာကလပ် ဧရာဝတီယူနိုက်တက်အသင်းကို (၄) ဂိုး (၁) ဂိုးဖြင့်အနိုင်ယူပြီး ချန်ပီယံဘွဲ့ဆွတ်ခူးထားသည်။

Photo: YUFC Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ