Sports: (၇) ကြိမ်မြောက်ကမ္ဘာ့ကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစားတံခွန်စိုက်ပြိုင်ပွဲ ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံမှ အမျိုးသား ၆၀ ကီလိုတန်းတွင် ထွန်းမင်းနှင့် အမျိုးသမီးကာယ ကြံ့ခိုင်မှု ၁၆၀ စင်တီမီတာ အောက်ပြိုင်ပွဲတွင် နန်းလောင်ခမ်းတို့ မှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

play

၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ (၂၄) ရက်မှ (၃၀) ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမည့် (၇)ကြိမ်မြောက် ကမ္ဘာ့ကာယဗလ နှင့် ကာယကြံ့ခိုင်မှုအားကစားတံခွန်စိုက်ပြိုင်ပွဲ (7th World Bodybuilding & Physique Sports Championship 2015) တွင် မြန်မာနိုင်ငံမှ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦး သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

play

 

အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား (၁၁)ခု တွင် အမျိုးသား၊ အမျိုးသမီးဝိတ်တန်းစုစုပေါင်း (၃၄) ခုထည့်သွင်း ကျင်းပသွားမည်ဖြစ်ရာ ၊ မြန်မာနိုင်ငံမှ အမျိုးသား (၆၀) ကီလိုတန်းတွင် ထွန်းမင်းနှင့် အမျိုးသမီးကာယ ကြံ့ခိုင်မှု (၁၆၀) စင်တီမီတာ အောက်ပြိုင်ပွဲတွင် နန်းလောင်ခမ်းတို့ မှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

play

 

၎င်းတို့ နှစ်ဦးသည် ၂၀၁၅ ခှုနှစ် ၊ စက်တင်ဘာလ (၂၉)ရက်မှ  အောက်တိုဘာ (၅)ရက်အထိ ဥဇဘက်ကစ္စတန်နိုင်ငံ၌ ကျင်းပခဲ့သည့် (၄၉)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၌ ရွှေတံဆိပ်နှင့် ငွေတံဆိပ်တစ်ခုစီ ရယူပေးနိုင်ခဲ့သည်။

Photo: www.komonews.com, www.news.yahoo.com, www.onlinewsind.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ