Sports: တိုယိုတာမဲခေါင်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက် လူငယ်ကစားသမားအချို့ကို စမ်းသပ်အသုံးပြုမည်

လူငယ်အသင်းမှ ကစားသ မား (၁၁) ဦးကို အသင်းကြီးတွင် လေ့ကျင့်ခန်းပြုလုပ်ခွင့်ပေးထားပြီး နည်းပြနှစ်သက်ပါက ၎င်းတို့ ကို တိုယိုတာမဲခေါင်ပြိုင်ပွဲတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်သည်။

play

 

၂၀၁၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် တိုယိုတာမဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် လူငယ်ကစားသမားအချို့ကို စမ်းသပ်အသုံးပြုရန် စီစဉ်ထားသည်။

play

 

ရန်ကုန်ယူနိုက်တက်အသင်းသည် လူငယ်အသင်းမှ ကစားသ မား (၁၁) ဦးကို အသင်းကြီးတွင် လေ့ကျင့်ခန်းပြုလုပ်ခွင့်ပေးထားပြီး နည်းပြနှစ်သက်ပါက ၎င်းတို့ ကို တိုယိုတာမဲခေါင်ပြိုင်ပွဲတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်သည်။

play

 

ရန်ကုန်ယူနိုက်တက်အသင်းသည် တိုယိုတာမဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့် အဖွင့်ပွဲအဖြစ် နိုဝင်ဘာ (၂၂) ရက်တွင် လာအိုကလပ် လာအို တိုယိုတာအသင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၊ ဒုတိယပွဲအဖြစ် နိုဝင်ဘာ (၂၉) ရက်၌ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်း ပင်မြို့၌ ကမ္ဘောဒီးယားကလပ် ဘိုယန်ကျပ်အန်ကောအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

တိုယိုတာမဲခေါင်ကလပ်ချန် ပီယံရှစ်ပြိုင်ပွဲကို ယခင်နှစ်က အသင်းလေးသင်းဖြင့် အကြိုဗိုလ်လု ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့သော်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံ ပါ ၀င်လာခဲ့ပြီး အဆင့်သုံးဆင့်ခွဲကာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

play

 

၂၀၁၅ တိုယိုတာမဲခေါင် ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲဝင် ရန် ကုန်ယူနိုက်တက်အသင်းကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ခေါ် ယူစာချုပ်ချုပ်ခဲ့သည့် နည်းပြ အီမာဆင်က ကိုင်တွယ်မည်ဖြစ်သည်။

Photo: Yangon United FC Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ