Sports: မန်ယူမှာ နံပတ် ၇ ဂျာစီဝတ်ရင် မကြောက်ဖို့ ဒီပေးကို ဘက်ခမ်းအားပေး

Kyaw Ko Ko

မန်ယူက နံပတ် ၇ ပိုင်ရှင်တွေထဲမှာ အကျော်ကြားဆုံးက ဘက်ခမ်းပါ

မန်ယူအသင်းမှာ နံပတ် ၇ အကျီ င်္ကို ဝတ်ဆင်ကစားရတဲ့အပေါ် ဖိအားတွေကို တွေးမနေပဲ ရဲရဲသာ ဝတ်ဆင်ကစားလို့ ဒေးဗစ်ဘက်ခမ်းက ဒီပေးကို အကြံပြုလိုက်ပါတယ်။ နယ်သာလန်ကစားသမား ဒီပေးဟာ မန်ယူကိုရောက်လာပြီးနောက်ပိုင်း နံပတ် ၇ အကျီ င်္ဝတ်ဆင်ကစားခဲ့ပေမယ့် ထိုက်တန်တဲ့ခြေစွမ်းမပြနိုင်ပဲ ဖြစ်နေသူပါ။

ဒီပေးလည်း ဖိအားတွေ ရှိနေပါတယ်

မန်ယူအသင်းမှာ နံပတ် ၇ ဂျာစီကိုဝတ်ဆင်ခိုင်းတာဟာ ဖိအားပေးတာမဟုတ်ပဲ ဂုဏ်ပြုမှု တစ်ခုသာ ဖြစ်တယ်လို့ ဘက်ခမ်းကဆိုပါတယ်။ ဘက်ခမ်းကိုယ်တိုင်လည်း နံပတ် ၇ ဂျာစီကို ဝတ်ဆင်ပြီး အောင်မြင်မှု တွေ ရခဲ့သူပါ။ မန်ယူအသင်းသမိုင်းမှာ နံပတ် ၇ ကိုဝတ်ဆင်ခဲ့သူတွေက ထိပ်သီးခြေစွမ်းမျိုးတွေ ပိုင်ဆိုင်ပြီး အောင်မြင်မှုတွေယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ နံပတ် ၇ ဂျာစီဝတ်ဆင်သူတွေက ထိုက်တန်တဲ့ ခြေစွမ်း မပြနိုင်ကြတော့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုနောက်ပိုင်းမှာ နံပတ် ၇ ဂျာစီဝတ်ပြီးေ အာင်မြင်သူ မရှိတော့တာ တွေ့ရပါတယ်။

နံပတ် ၇ ဝတ်သူတွေထဲမှာ ရော်နယ်ဒိုက နောက်ဆုံးအောင်မြင်ခဲ့သူပါ

“ နံပတ် ၇ ဂျာစီက ကံဆိုးစေတာဂျာစီမှ မဟုတ်တာပဲဗျာ။ အရင်က ဘယ်သူတွေ ဒီနံပတ်ကို ဝတ်ခဲ့လဲ ဆိုတာလည်း အရေးမကြီးဘူး။ ကျွန်တော့်အမြင်အရပြောရရင်တော့ ဒီဂျာစီနံပတ်ကို ဝတ်ဖို့ ဘာဖိအားမှ ရှိစရာ မလိုဘူးထင်တာပဲ။ ဒီနံပတ်ကြောင့် ပိုပြီးတောင် ကြိုးစားချင်စိတ် ဖြစ်လာပါသေးတယ်” လို့ ဘက်ခမ်းက ပြောပါတယ်။ နံပတ် ၇ ဂျာစီကို ဘက်ခမ်းရဲ့အရှေ့မှာ ဂျော့ဘတ်စ်၊ ဘရွိုင်ယန်ရော့ဘ်ဆင်နဲ့ အဲရစ်ကန်တိုနာတို့ ဝတ်ဆင်ခဲ့ပြီး အောင်မြင်ခဲ့သူတွေ ဖြစ်ခဲ့ပါတယ်။

Source : www.goal.com

Photos  : www.thesun.co.uk, www.goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ