Sports: ပရီးမီးယားလိဂ်က အစွန့်ပစ်ခံ ဘောလုံးကွင်းများ

ဟိုအရင်ကတော့ ပရိသတ်တွေနဲ့ စည်ကားခဲ့တဲ့ ဘောလုံးကွင်းအချို့ဟာ အခုတော့ အားပေးသံတွေ တိတ်ဆိတ်သွားခဲ့ပါပြီ။

play

ဟိုအရင်က အာဆင်နယ်ရဲ့ ဟိုက်ဘူရီကွင်း

အာဆင်နယ်၊ စတုတ်စီးတီး၊ ဆွမ်ဆီး၊ ဆန်းဒါလင်း စတဲ့ပရီးမီးယားလိဂ်အသင်းတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်အတွင်းမှာ ကိုယ်ပိုင်ဘောလုံးကွင်းအသစ်တွေဆီ ပြောင်းရွှေ့ခဲ့ကြတဲ့ အသင်းတွေ ဖြစ်ပါတယ်။ နာမည်အကျော်ဆုံကတော့ အာဆင်နယ်ရဲ့ ဟိုက်ဘူရီ ဘောလုံးကွင်းဟောင်း ဖြစ်ပါတယ်။

အခု အဲဒီဘောလုံးကွင်းဟောင်းတွေ ဘယ်လိုပုံဖြစ်နေပြီလို့ သင်ထင်ပါသလဲ။ အချို့သော ဘောလုံးကွင်း နေရာဟောင်းတွေကို အခုချိန်သွားကြည့်လိုက်ရင် အရင်က ဘောလုံးကွင်းရှိခဲ့တယ်လို့တောင် ထင်စရာ အကြောင်းမရှိပါဘူး။ ကဲအပြောင်းအလဲတွေကို ကြည့်လိုက်ရအောင်ပါ။

၁။ အာဆင်နယ်ရဲ့ ဟိုက်ဘူရီကွင်းဟောင်းဖြစ်ပါတယ်။

play

 

 ၁၉၁၃ ကနေ ၂၀၀၆ ခုနှစ်အထိ အာဆင်နယ်ရဲ့ အိမ်ကွင်းအဖြစ် အသုံးပြုခဲ့တာပါ။ ဟိုက်ဘူရီက ပရိသတ်သုံးသောင်းကျော်ပဲ ဆန့်တဲ့အလတ်စားကွင်းငယ်လေးပါ။

play

 

အခုတော့ ဟိုက်ဘူရီစကွဲရ်လို့ အမည်ရတဲ့ အိမ်ယာတစ်ခု ဖြစ်နေပါပြီ။

၂။ ဆောက်သမ်တန်ကလည်း The Dell ဆိုတဲ့အားကစားကွင်းကို၁၈၉၈ ခုနှစ်ကနေ ၂၀၀၁ အထိ အသုံးပြုခဲ့တာပါ။

play

 

ပရိသတ်က တစ်သောင်းခွဲပဲ ဆန့်တဲ့ ကွင်းငယ်လေး ဖြစ်ပါတယ်။

play

 

 နောက်တော့ ဆောက်သမ်တန်က စိန့်မေရီဘောလုံးကွင်းအသစ်ကို ပြောင်းသွားခဲ့ပြီး The Dell ကိုတော့ အိမ်ယာစီမံကိန်း လုပ်လိုက်ပါတယ်။

၃။ ဖီးဘာ့တ်စထရိ ဘောလုံးကွင်း အခုပရီးမီးယားလိဂ်အသင်း လက်စတာ ၂၀၀၃ အထိ ကစားခဲ့ဖူးပါတယ်။

play

 

 အခုတော့လည်း အဲဒီနေရာက လူနေအိမ်တွေနဲ့ သိပ်စည်စည်ကားကားမရှိပဲ အနီးက တက္ကသိုလ်ကျောင်းသားတွေရဲ့က အဆောက်ဖြစ်နေပါပြီ။

play

 

အနားမှာ လက်စ်တာရဲ့ နာမည်ကျော် ကစားသမာဟောင်း လိုင်နီကာကို ဂုဏ်ပြုထားတဲ့ လိုင်နီကာလမ်းတောင် ရှိပါသေးတယ်။

၎။ ဆန်းဒါးလန်းရဲ့ ကွင်းဟောင်းကတော့ ရော်ကာပါ့ခ် ဖြစ်ပါတယ်။ Rocker များရဲ့ ပန်းခြံလို့ အဓိပ္ပါယ်ရပါတယ်။

play

 

ဆန်းဒါးလန်း ၁၉၉၈ နှစ်အထိ အသုံးပြုခဲ့တဲ့ အဲဒီဘောလုံးကွင်း နေရာမှာ အခုတော့ လူနေအိမ်တွေ ရှိနေပြီးပြီဖြစ်ပါတယ်။

play

 

အရင်ကဘောလုံးကွင်းရှိခဲ့ဖူးတယ်ဆို ယုံကြမှာတောင် မဟုတ်တော့ပါဘူး။

၅။ စတုတ်စီးတီးအသင်းရဲ့ ကွင်းဟောင်းကတော့ ဗစ်တိုးရီးယားဂရောင်းလို့ အမည်ရပါတယ်။

play

ကွင်းဟောင်းကို စတုတ်စီးတီးအသင်း စွန့်ခွာခဲ့ချိန်ကစပြီး အခုထိ ဒီအတိုင်းသာရှိနေဆဲပါ။

play

 

ဟိုအရင် ပရိသတ်တွေနဲ့ စည်ကားခဲ့တဲ့ နေရာဟာ အခုတော့ လူသူကင်းမဲ့တဲ့ ကွင်းပြင်ကြီး ဖြစ်နေပါပြီ။

၆။ ဆွမ်ဆီးအသင်းရဲ့ ဗက်ရှ်အိမ်ကွင်းကလည်း အခုတော့ လူသူမရှိတိတ်ဆိတ်လှတဲ့ နေရာကြီးဖြစ်နေပါပြီ။

play

 

ဒီကွင်းကို ဆွမ်ဆီးက ၂၀၀၅ ခုနှစ်အထိ အသုံးပြုခဲ့ပြီး လီဘာတီကွင်းကို ပြောင်းရွှေ့ခဲ့တာပါ။

Source & Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ