Sports: အေတီပီတင်းနစ်ပွဲ ဆီမီးဖိုင်နယ်မှာ ဂျိုကိုဗစ်နဲ့ ရာဖေးလ်နာဒယ် တွေ့ပြီ

ဂျိုကိုဗစ်က ပြိုင်ဘက်ဘာဒင့်ရှင့်ကို အနိုင်ယူပြီး အကြိုဗိုလ်လုပွဲ တက်ရောက်လာတာ ဖြစ်ပါတယ်။

play

ဂျိုကိုဗစ်လည်း အကြိုဗိုလ်လုပွဲ တက်ပါပြီ

အေတီပီဝေါလ်တိုး အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့နံပတ် ၁ တင်းနစ်အကျော်အမော် ဂျိုကိုဗစ်က ပြိုင်ဘက် ဘာဒင့်ရှ်ကို အနိုင်ယူပြီးတဲ့နောက် အကြိုဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဂျိုကိုဗစ်က ဆီမီးဖိုင်နယ်မှာ စပိန်က တင်းနစ်သမားရာဖေးနာနယ်လ်နဲ့ တွေ့ရတော့မှာပါ။ ဂျိုကိုဗစ်က ပြိုင်ဘက် ဘာဒင့်ရှ်ကို ၆-၃၊ ၇-၅ နဲ့ အနိုင်ယူခဲ့တာပါ။

play

နာဒယ်က ပြိုင်ဘက်နီရှီကိုရီကို အနိုင်ယူပြီး အကြိုဗိုလ်လုပွဲ ရောက်လာတာပါ

ရော်ဂျာဖက်ဒါရားကတော့ ဂျိုကိုဗစ်ထက်အရင် အကြိုဗိုလ်လုပွဲကို တက်နေရောက်ခဲ့သူဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မတက်ခင်မှာ ဖက်ဒါးရားက ပြိုင်ဘက် နီရှီကိုရီကို ၇-၅၊ ဒါပေမယ့် ဖက်ဒါးရားရဲ့ အကြိုဗိုလ်လုပွဲပြိုဘက် ဘယ်သူဖြစ်လာမလဲဆိုတာ မသိရသေးပါဘူး။ ဗြိတိန်က အန်ဒီမာရေးနဲ့ ဆွစ်ဇာလန်က စတန်းဝါရင်ကာတို့ ထဲကတစ်ယောက်က ဆီမီးဖိုင်နယ်တက်ပြီး ဖက်ဒါးရားနဲ့ ယှဉ်ပြိုင်ရမှာပါ။

play

အကြိုဗိုလ်လုပွဲက စနေနေ့မှာ ကစားမှာပါ

ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို စနေ့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အန်ဒီမာရေးနဲ့ စတန်းဝါရင်တို့နှစ်ဦးထဲက ဘယ်သူဆီမီးဖိုင်နယ်တက်မလဲဆိုတာကိုတော့ ဒီကနေ့ သောကြာနေ့ပွဲစဉ်တွေအပြီး အဖြေထွက်မှာ ဖြစ်ပါတယ်။

Source : www.bbc.co.uk

Photos : www.dailymail.co.uk, www.cnn.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ