Sports: အယ်ကလက်စီကိုအပါအဝင် ဒီတပတ်ကြည့်ရမယ့် ပွဲကြီးပွဲကောင်းများ

ဒီတပတ်အားလပ်ရက်တော့ ဘောလုံးပရိသတ်တွေ အကြိုက်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံတကာပွဲတွေ ကြားဖြတ်ဝင်ခဲ့လို့ ဥရောပလိဂ်တွေ ခေတ္တရပ်နားထားခဲ့ရပြီး ဒီတပတ် ပြန်လည်စတင်တော့မှာပါ။

play

 

ဥရောပဘောလုံးပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာပဲ ပွဲကြီးပွဲကောင်းတွေ များစွာ စောင့်ကြိုနေတာ ဖြစ်လို့ ဘောလုံးပရိသတ်တွေ အကြိုက်တွေ့မယ့် ရက်သတ္တပတ်လို့ ဆိုတာဖြစ်ပါတယ်။ ကဲပွဲကြီး ပွဲကောင်းတွေက ဘာတွေများလဲဆိုတာ ဆက်ကြည့်လိုက်ပါဦး။

၁။ အယ်ကလက်စီကို ဒါဘီ

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ဒီတပတ် စနေနေ့မှာ ကစားကြမယ့်ပွဲက ပရိသတ်စိတ်ဝင်စားမှု အရှိဆုံးဖြစ်ဖို့ သေချာပါတယ်။ ၁၁ ပွဲစီကစားပြီးချိန်မှာ ထိပ်ဆုံးပြေးနေတဲ့ ဒီနှစ်သင်းကြား ကွာဟမှုက သုံးမှတ်သာရှိသေးလို့ ဒီပွဲက အရေးကြီးပါတယ်။ ရာသီကုန်အမှတ်ပေးချန်ပီယံဖြစ်ဖို့လည်း အရေးပါတဲ့ ပွဲပါ။ စနေနေ့ မြန်မာစံတော်ချိန် ည ၁၁း၄၅ နာရီမှာ ကစားကြမှာပါ။

၂။ လီဗာပူး - မန်စီးတီး

play

 

လီဗာပူးနည်းပြ ဂျာဂန်ကလော့ရဲ့ အရည်အသွေးကို စမ်းသပ်ဦးမယ့်ပွဲ ဖြစ်ပါတယ်။ ထိပ်ဆုံးက ပြေးနေတဲ့ မန်စီးတီးအတွက်ပွဲကျပ်ဖြစ်သလို လီဗာပူးအတွက် ပုံမှန်အခြေအနေ ပြန်ရောက်လာဖို့ အရေးပါတဲ့ပွဲ ဖြစ်နေပြန်ပါတယ်။ လီဗာပူးကစားသမားဟောင်း စတာလင်လည်း သူ့အသင်းနဲ့ ပြန်တွေ့ရမယ့်ပွဲပါ။ ဒီပွဲကို စနေနေ့ ည ၁၂း၀၀ နာရီမှာ ကစားမှာ ဖြစ်ပါတယ်။

၃။ ဂျူဗင်တပ် - အေစီမီလန်

play

 

ဒီရာသီမှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ စီးရီးအေရဲ့ ထိပ်သီးနှစ်သင်း ပွဲစဉ်ဖြစ်ပါတယ်။ နှစ်သင်းလုံးက ထိပ်သီးအသင်းဖြစ်ပေမယ့် လောလောဆယ်တော့ အဆင့် ၆ နဲ့ ၇ မှာ အသီးသီး ရပ်တည်နေကြရသူတွေပါ။ အမှတ်ကလည်း ၂ မှတ်ပဲကွာတာကြောင့် လာမယ့်ပွဲက သူတို့နှစ်သင်းအတွက် အရေးကြီးတယ်ဆိုတာ သေချာပါတ်။ ဒီပွဲကိုတော့ တနင်္ဂနွေနေ့မနက် ၂း၄၅ နာရီမှာ ကစားမှာ ဖြစ်ပါတယ်။

Source : www.livescore.com

Photos : www.premierleague.com, www.

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ