Sports: ပရီးမီးယားလိဂ်မှာ ဒီတပတ်ပြန်ပါလာမယ့် နာမည်ကျော်တွေ

ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ရာပြဿနာတွေကြောင့် အနားယူခဲ့ရသူတွေထဲက နာမည်ကျော်တွေကို ဒီတပတ် ပရီးမီးယားလိဂ်မှာ ပြန်တွေ့ရတော့မှာပါ။

 

ဒဏ်ရာကြောင့် အတော်ကြာ အနားယူခဲ့ရပြီးတဲ့နောက်  မန်စီးတီးတိုက်စစ်မှူး အဂူရိုကို ဒီတပတ် လီဗာပူးနဲ့ပွဲမှာ ပြန်တွေ့ရဖို့ ရှိနေပါပြီ။ ဒါတင်မကသေးပါဘူး လီဗာပူးအသင်းတိုက်စစ်မှူး စတာရစ်ခ်ျကိုလည်း ဒီတပတ်ပွဲစဉ်မှာ ပြန်တွေ့ခွင့်ရဖွယ်ရှိနေပါတယ်။

အာဂျင်တီးနားအသင်းနဲ့ ကစားတုန်းမှာ ဒဏ်ရာရသွားတဲ့ တိုက်စစ်မှူးအဂူရိုဟာ ခြောက်ပတ်လောက် အနားယူလိုက်ရပြီးနောက် အခုတော့ ပြန်သက်သာလာနေပါပြီ။ “ကျွန်တော်ပြန်ကစားနိုင်မယ့်ပွဲက လီဗာပူးနဲ့ပွဲပဲ” လို့ အဂူရိုကိုယ်တိုင် ပြောထားပါတယ်။ တဖက်မှာလည်း လီဗာပူးအသင်းတိုက်စစ်မှူး စတာရစ်ခ်ျက ဒဏ်ရာပြန်သက်သာလာနေပြီလို့ ဆိုပါတယ်။ လီဗာပူးရဲ့ နည်းပြအသစ် ဂျာဂန်ကလော့ လက်အောက်မှာ စတာရစ်ခ်ျက တစ်ပွဲမှ မကစားရသေးပါဘူး။ လာမယ့်စနေနေ့မှာတော့ ပါဝင်လာဖို့ရှိပါတယ်။

 

“မန်စီးတီးနဲ့ပွဲကစားဖို့ ကျွန်တော်ကြံ့ခိုင်မှု ပြည့်နေပြီ” စတာရစ်ခ်ျက ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီတပတ် လီဗာပူးနဲ့ မန်စီးတီး တွေ့ကြတဲ့ ရက်သတ္တပတ်မှာ အသင်းနှစ်သင်းရဲ့ အဓိကတိုက်စစ်မှူးတွေ ပြန်ပါလာတာပါ။

ဒီပတ်အသင်းတွေနဲ့ ပြန်ကစားနိုင်ကြမယ့် အဓိကကစားသမား အချိုလည်း ရှိနေပါသေးတယ်။ အဲဗာတန်က လိုက်တန်ဘိန်းလည်း  ခြေကျင်းဝတ် ဒဏ်ရာရခဲ့ပြီးနောက် ဒီတပတ် ပြန်ကစားနိုင်မှာပါ။ မန်စီးတီးက ဆေးလ်ဗားလည်း ပြန်ပါလာနိုင်ပါလိမ့်မယ်။

ဆေးလ်ဗားလည်း ပြန်ပါလာပြီဆိုတော့ မန်စီးတီး လူစုံသွားပါပြီ

ဆေးလ်ဗားပြန်လာပြီဆိုရင်တော့ မန်စီးတီး တိုက်စစ်က အကောင်းဆုံးပုံစံ ပြန်ရလာမယ်လို့ မျှော်လင့်ရပါတယ်။

အဲဗာတန်က လိုက်တန်ဘိန်းလည်း ပြန်ပါလာဖို့ မျှော်လင့်ရပါတယ်

နောက်ထပ်တစ်ဦးကတော့ နည်းပြမော်ရင်ဟိုပါ။ မော်ရင်ဟိုလည်း ပြန်လာရမယ့်သူတွေ စာရင်းထဲ ပါတာပါပဲ။

မော်ရင်ဟိုက နောက်ဆုံးတစ်ပွဲ ပွဲပယ်ခံထားရသူပါ

နောက်ဆုံးကစားခဲ့တဲ့ စတုတ်စီးတီးနဲ့ပွဲမှာ ကွင်းထဲဝင်ပြီး ကြီးကြပ်ခွင့် ပိတ်ခံထားရတဲ့ မော်ရင်ဟိုလည်း ဒီတပတ် ကွင်းထဲ ပြန်ဝင်လို့ရပါပြီ။ ဒါကြောင့် ဒီတပတ် တော့ နာမည်ကျော်တွေ အားလုံးကို ကွင်းထဲမှာ တစုတစည်းတည်း ပြန်တွေ့ရမယ်လို့ မျှော်လင့်နိုင်ပါပြီ။

Soure  & Photos : www.skysports.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ