Sports: ကိန်းဂဏန်းများထဲက ဘိုင်ယန်မြူးနစ်ရဲ့ အောင်မြင်မှု

, updated

ဒီရာသီဘိုင်ယန်မြူးနစ်ဘယ်လောက် အောင်မြင်နေသလဲဆိုတာ အခုဖော်ပြမယ့် အချက်အလက်တွေကို ကြည့်ပြီးရင် သင်လည်းပိုပြီး သတိထားမိသွားမှာပါ။

play

 

နည်းပြပက်ဂွါဒီယိုလာမောင်းနှင်နေတဲ့ ဘိုင်ယန်မြူးနစ်ဖျက်သဘောင်္ကြီးဟာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ရွေ့လျားနေဆဲပါ။ လိဂ်ပွဲ ၁၂ ပွဲမှာ ၁၁ ပွဲနိုင်ထားပြီး ဒီရာသီမှာ ဒေါ့မွန်၊ ဝုလ်ဘတ် စတဲ့ပြည်တွင်း ပြိုင်ဘက်တွေကိုလည်း အနားမကပ်နိုင်အောင် အနိုင်ထားခဲ့ပြီးတဲ့ အသင်းဖြစ်ပါတယ်။

ဒီရာသီ အရှိန်ကောင်းနေတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ထူးခြားတဲ့ ကိန်းဂဏန်းတွေကို လေ့လာကြည့်လိုက်ပါဦး။ ဘိုင်ယန်မြူးနစ် ဒီရာသီမှာ ဘယ်လောက်အစွမ်းထက်နေသလဲ ဆိုတာ သင်လည်း သတိထားမိသွားပါလိမ့်မယ်။

play

 

- ဘိုင်ယန်မြူးနစ်က ဒီရာသီအမှတ်ပေးပွဲတွေကစားတဲ့အခါ ဒုတိယပိုင်းရောက်ရင် တစ်ဂိုးမှ ပေးရလေ့မရှိပါဘူးတဲ့။ ဒုတိယပိုင်းရောက်မှ သွင်းတဲ့ဂိုးချည်းပဲ ၂၄ တောင်ရှိပါတယ်။

play

 

- ဘောလုံးပိုင်ဆိုင်မှုမှာလည်း ဘိုင်ယန်ပါပဲတဲ့။ ဒီရာသီကစားပြီးသမျှ ပွဲတွေ တွက်ချက်မှု အရ ဘိုင်ယန်မြူးနစ်က ဘောလုံးပိုင်ဆိုင်မှု ၇၉ ရာခိုင်နှုန်းတောင်ရှိထားပါသတဲ့။

play

 

- ရှက်တာဒိုးနက်ကနေ အသစ်ဝယ်ထားတဲ့ ဒေါက်ဂလက်စ်ကော်စတာကတော့ ပံ့ပိုးပေးမှုမှာ ဆရာတဆူပါ။ သူဖန်တီးပေးလို့ ရထားတဲ့ဂိုး ၉ ဂိုးတောင်ရှိပါတယ်။

play

 

- တိုက်စစ်မှူးတွေဖြစ်တဲ့ မူလာနဲ့ လီဝမ်ဒေါစကီတို့က ၁၁ ဂိုးနဲ့ ၁၄ ဂိုးစီသွင်းထားပါတယ်။ ဒီအချိန်ထိတော့ ဘွန်ဒက်စ်လီဂါသမိုင်းမှာ အကောင်းဆုံးတိုက်စစ်အတွဲလို့ ပြောနိုင်ပါတယ်။

play

 

- စတုဂတ်ကို နိုင်ခဲ့တဲ့ပွဲမှာ မူလာအတွက် ဘွန်ဒက်စ်လီဂါဂိုး ၁၅၀ ပြည့်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါမှာတော့ ဂိုး ၁၅၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားပါပဲ။

play

 

- ဒီရာသီမှာ ပွဲစပြီး မိနစ် ၂၀ အတွင်း နှစ်ဂိုးနဲ့အထက် သွင်းထားတဲ့ပွဲ ၁၃ ပွဲ(ပြိုင်ပွဲစုံ) တောင်ရှိပါတယ်။

Source & Photos : www.goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ