Sports: အာဆီယံဖိတ်ခေါ်ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ မြန်မာနိုင်ငံမှအသင်းများ ယှဉ်ပြိုင်မည်

အုပ်စုပတ်လည် အမှတ်ပေးစနစ်ဖြင့်ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် နှစ်သင်းက ဗိုလ်လုပွဲအဖြစ် ကစားရမည်ဖြစ်သည်။

 

၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ (၂၃) ရက်နေ့မှ (၃၀) ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပမည့် အာဆီယံဖိတ်ခေါ်ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ (AFF INVITA-TIONAL FUTSAL CLUB CHA-MPIONSHIP 2015) ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ MIC ဖူဆယ် (အမျိုးသား) အသင်းနှင့် ACE ဖူဆယ် (အမျိုးသမီး) အသင်းတို့ သွား ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အာဆီယံဖူဆယ် (အမျိုးသား၊ အမျိုးသမီး) ကလပ်အသင်းများ၏ အရည်အသွေး တိုးတက်စေရန် ရည်ရွယ်ပြီး ယခုနှစ်မှ စတင်ကျင်းပသည့် အဆိုပါပြိုင်ပွဲ၌ ပြိုင်ပွဲဝင် (၅)သင်းနှင့် အမျိုးသမီးပြိုင်ပွဲ၌ ပြိုင်ပွဲဝင် (၅)သင်းတို့မှ အုပ်စုပတ်လည် အမှတ်ပေးစနစ်ဖြင့်ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် နှစ်သင်းက ဗိုလ်လုပွဲအဖြစ် ကစားရမည်ဖြစ်သည်။ ထို့အပြင် အုပ်စု တတိယနှင့် စတုတ္ထရရှိသည့် နှစ်သင်းက တတိယနေရာလုပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

 

အမျိုးသားပြိုင်ပွဲတွင် Felda United FC (မလေးရှား)၊ Thai-port (ထိုင်း)၊ MIC (မြန်မာ)၊ East Coast Heat FC (ဩစတြေး လျ)နှင့် Sanna Khanh H FC (ဗီယက်နမ်) အသင်းတို့ပါဝင်ပြီး အမျိုးသမီးပြိုင်ပွဲတွင် ACE FC (မြန်မာ)၊ Asian Scholars FC (ထိုင်း)၊ Felda United FC (မလေးရှား)၊ Dural Warriors (ဩစတြေးလျ)နှင့် Thai Son N D 8 FC (ဗီယက်နမ်)အသင်းတို့ ပါဝင်သည်။

MIC (Myanmar Imperial College) ဖူဆယ်အသင်းသည် ၂၀၁၄ ပြည်တွင်း အမှတ်ပေး ဖူဆယ်လိဂ်ပြိုင်ပွဲနှင့် ၂၀၁၅ AYA Bank အလွတ်တန်းဖူဆယ်ပြိုင်ပွဲများ၌ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး ၊ မြန်မာ့ လက်ရွေးစင် ဖူဆယ်ကစားသမား (၅) ဦး ပါဝင်သည်။

Photo: www.today-myanmar.com, Ooredoo Myanmar Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ