Sports: ရီးရဲလ်မက်ဒရစ် ဘာစီလိုနာပွဲမတိုင်ခင် သိထားသင့်သမျှ

အယ်ကလက်စီကိုပွဲကို ဒီကနေ့ စနေနေ့ညမှာ ရှုစားကြရတော့မှာပါ။ ဒီပွဲမတိုင်ခင် သင်သိထားသင့်တဲ့ အချက်တွေကတော့……

play

ဘာစီလိုနာဘက်တော့ မက်ဆီမပါနိုင်ဖို့ များနေပါတယ်

တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ စောင့်ကြိုနေတဲ့ ပွဲကြီးပွဲကောင်းအချိန်ကို ရောက်လာခဲ့ပါပြီ။ ပါရီအကြမ်းဖက်မှုက  ဥရောပဘောလုံးလောကက ကိုရိုက်ခက်မှု အနည်းငယ်ရှိခဲ့ပေမယ့်လည်း ဒီတပတ်မှာတော့ အားလုံးပုံမှန် ပြန်လည်စတင်တော့မှာပါ။

ဒီကနေ့ည မြန်မာစံတော်ချိန် ၁၁း၄၅ နာရီမှာ ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ အယ်ကလက်စီကို ပွဲစဉ်ဟာ ဘောလုံးပရိသတ်တွေ မလွတ်တမ်းစောင့်ကြည့်ကြမယ့်ပွဲပါ။ အယ်ကလက်စီကိုပွဲ မကြည့်ခင် ဘာတွေသိထားသင့်သလဲဆိုတာ ကျွန်တော်တို့ ဖော်ပြပေးမှာပါ။ ဆက်ကြည့်လိုက်ပါဦး။

၁။ ဒီနှစ်သင်း နောက်ဆုံး ၁၁ ပွဲတွေ့ဆုံကြရာမှာ ဘာစီလိုနာက၂၅ ဂိုးသွင်းပြီး ရီးရဲလ်မက်ဒရစ်က ၂၆ ဂိုးသွင်းထားပါသတဲ့။ နေမာကတော့ ၁၁ ဂိုးသွင်းပြီး ဒီနှစ်သင်းကြားမှာ ဂိုးအများဆုံး သွင်းသူဖြစ်လျှက် ရှိပါတယ်။ ရော်နယ်ဒိုတောင် ၈ ဂိုးပဲ သွင်းနိုင်ခဲ့တာပါ။

play

 

၂။ ဘာစီလိုနာဘက်က နေမာနဲ့ ဆာဂျီရောဘတ်တိုက နောက်ဆုံး ၁၁ ပွဲမှာ ဂိုးဖန်တီးပေးမှု ၃ ကြိမ်စီ လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ လေးကြိမ်ဂိုးဖန်တီးပေးထားနိုင်လို့ သူအများဆုံး ဖြစ်ပါတယ်။

play

 

၃။ အမြင့်ဘောကစားရာမှာတော့ ရီးရဲလ်မက်ဒရစ်ကပိုပါတယ်။ အမြင့်ဘောနဲ့ ဘောလုံးဖြန့်ဝေရာမှာ ဘာစီလိုနာက ၂၅.၆ ရာခိုင်နှုန်းပဲ အောင်မြင်ပြီး ရီးရဲလ်မက်ဒရစ်ကတော့ ၂၇.၆ ရာခိုင်နှုန်း အောင်မြင်ထားပါတယ်။

play

 

၎။ ဇာဗီမရှိတော့တဲ့ ဘာစီလိုနာကွင်းလယ်က ဘောလုံးဖြန့်ဝေမှု အားနမှုည်းလာပါတယ်။ ဒီရာသီမှာ ဘာစီလိုနာ ကွင်းလယ်က ဘောလုံးဖြန့်ဝေမှု အောင်မြင်မှုဟာ ရီးရဲလ်မက်ဒရစ်ထက်တောင် နည်းနေပါသေးတယ်။

play

 

၅။ ရီးရဲလ်မက်ဒရစ်ဂိုးသမား နာဗက်စ်က ဒီပွဲမှာ အဓိက ကစားသမားဖြစ်လာဖို့ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီရာသီမှာ ဂိုးသမားနာဗက်ရဲ့ လက်စွမ်းက ပိုကောင်းနေလို့ပါ။ ကစားပြီးသမျှ ပွဲတွေမှာ နာဗက်စ် ပြိုင်ဘက်တွေရဲ့ အပိုင်ကန်ချက် ၃၃ လုံးကာကွယ်ထားနိုင်ပါတယ်။ ဘာစီဂလိုနာဘက်ကတော့ ၂၈ လုံးသာ ကာကွယ်ထားနိုင်လို့ပါ။

play

 

၆။ ဂိုးပေါက်ကန်သွင်းမှုမှာလည်း ရီးရဲလ်မက်ဒရစ်က သာလျှက်ရှိပါတယ်။ ဒီရာသီလာလီဂါမှာ ရီးရဲလ်မက်ဒရစ်က ပြိုင်ဘက်ဂိုးပေါက်ကို ၂၂၄ ကြိမ်ကန်ထားပြီး ၈၇ ကြိမ်ဂိုးပေါက်တည့်ထားပါတယ်။ ဘာစီလိုနာကတော့ ၁၉၂ ကြိမ်သာ ကန်ထားပြီး ၇၉ ကြိမ်ဂိုးပေါက်တည့်ထားပါတယ်။

play

 

၇။ ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲ အဝေးကန်ချက်တွေမှာတော့ ဘာစီလိုနာက ပိုများနေတယ်။ ဂိုးဧရိယာ ပြင်ပကနေ ပြိုင်ဘက်ဂိုးပေါက်ကို ဘာစီလိုနာက ၂၂၄ ကြိမ်ကန်ထားပြီး ရီးရဲလ်မက်ဒရစ်ကတော့ ၁၉၂ ကြိမ်သာ ကန်သွင်းထားတာ တွေ့ရပါတယ်။

play

 

Source : www.espn.com

Photos : www.opta.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ