Sports: ဝက်ဖို့ဒ်နဲ့ကစားမယ့်ပွဲမှာ မန်ယူကစားသမား ခြောက်ဦး မပါဝင်နိုင်

ဝက်ဖို့ဒ်နဲ့ ကစားရမယ့် မန်ယူအသင်းမှာ ကစားသမားခြောက်ဦး ဒဏ်ရာပြဿနာနဲ့ ကြံ့ခိုင်မှု မပြည့်တဲ့ ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။

play

အဖျားမိနေတဲ့ အသင်းခေါင်းဆောင်

ဝက်ဖို့ဒ်အသင်းနဲ့ ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အဓိကပွဲထွက်ကစားသမား ခြောက်ဦးပါဝင်နိုင်တော့မှာ မဟုတ်လို့ စိုးရိမ်စရာ ဖြစ်လာခဲ့ပါပြီ။ အထူးသဖြင့် တိုက်စစ်မှူးမရှိတော့တဲ့ ပြဿနာကို မန်ယူအသင်း ရင်ဆိုင်ရတော့မှာပါ။

play

ဒဏ်ရာရနေတဲ့ မာရှယ်

မန်ယူအသင်းခေါင်းရွန်နေးက အဖျားတက်နေတဲ့အတွက်ဒီပွဲကို မပါနိုင်ဖို့ သေချာသွားပါပြီ။ လူငယ်တိုက်စစ်မှူး မာရှယ်ကလည်း အင်္ဂလန်နဲ့ ပြင်သစ်ပွဲမှာ ဒဏ်ရာရခဲ့လို့ ဒီပွဲမှာ မပါနိုင်တော့ပါဘူး။ ဒါတင်မကသေးပါဘူး။ အသင်းမှာ ကွင်းလယ်က မိုက်ကယ်ကာရစ်၊ ဖယ်လိုင်နီနဲ့ ဗလန်စီယာတို့လည်း အသေးစားဒဏ်ရာ တွေရနေကြတာကြောင့်ဝက်ဖို့ဒ်နဲ့ပွဲမှာ မပါနိုင်ကြတော့ပါဘူး။  လုခ်ရှောကတော့ အရင်ကတည်းက ဒဏ်ရာပြဿနာ ရင်ဆိုင်နေရတာပါ။

play

အင်္ဂလန်နဲ့ စပိန်ပွဲမှာ ဒဏ်ရာရသွားတဲ့ မိုက်ကယ်ကာရစ်

ဝက်ဖို့ဒ်ကွင်းမှာ အဝေးကွင်းသွားကစားရမှာ ဖြစ်တဲ့အပြင် လူမစုံတာကြောင့် မန်ယူအသင်းဟာ ရလဒ်ကောင်းဖို့ ရုန်းကန်ရတော့မှာပါ။ လူငယ်ကစားသမား ဂျိမ်းစ်ဝီလ်ဆင်ကို တိုက်စစ်အတွက် အသုံးပြုလို့ရနိုင်ပေမယ့်လည်း တစ်ပွဲလုံးတော့ သူကစားနိုင်မှာမဟုတ်ဘူးလို့ ဗန်ဟားလ်ကပြောပါတယ်။ အကြောင်းကတော့ ဝီလ်ဆင်ဟာ တစ်ပွဲလုံးကစားဖို့ အတွေ့အကြုံမရှိသေးတဲ့အပြင် အသင်းနဲ့စည်းချက်ကိုင်အောင်လည်း မကစားနိုင်သေးတာကြောင့်လို့ ဒီနည်းပြက ပြောတာပါ။

play

ရွန်နေးနေရာ အစားထိုးဝင်လာဖွယ်ရှိတဲ့ ဝီလ်ဆင်

ဒါကြောင့် ဝက်ဖို့ဒ်နဲ့ပွဲမှာ မန်ယူဟာ တိုက်စစ်မှူးမရှိတဲ့ ပြဿနာကို ရင်ဆိုင်ရတော့မှာပါ။

ှSource & Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ