Sports: လီဗာပူးကို မန်စီးတီးဂိုးပြတ်ရှုံးပြီး လက်စ်တာ အဆင့်-၁ ရောက်လာ

ဇယားထိပ်ကို ဦးဆောင်နေတဲ့ မန်စီးတီးက လီဗာပူးကို ဂိုးပြတ်ရှုံးပြီး နိုင်ပွဲဆက်တဲ့ လက်စ်တာက အမှတ်ပေးဇယားကို ဦးဆောင်လိုက်ပါပြီ။

play

 

ဒီရာသီမှာ မန်စီးတီးကို လေးဂိုးသွင်းနိုင်တဲ့ ပရီးမီးယားလိဂ်အသင်း မရှိနိုင်လောက်ဘူးလို့ အားလုံးတွေးခဲ့ကြပါလိမ့်မယ်။ အခုတော့ မန်စီးတီးကို အိမ်ကွင်းအီတီဟက်မှာတင် လေးဂိုးသွင်းပြီး နိုင်ပွဲယူသွားတဲ့ အသင်းပေါ်လာပါပြီ။

play

ပွဲမစခင်မှာ ပြင်သစ်အကြမ်းဖက်မှုအတွက် ဝမ်းနည်းတဲ့အနေနဲ့ ခေတ္တငြိမ်သက်နေတာပါ

နောက်ထပ်ထူးခြားတာကတော့ ပရီးမီးယားလိဂ် အဆင့်-၁ နေရာရောက်လာသူက လက်စ်တာအသင်း ဖြစ်နေတာပါပဲ။

play

အဆင့်-၁ ရောက်လာတဲ့ လက်စ်တာ

နည်းပြသစ်ဂျာဂန်ကလော့အတွက်တော့ ချိုမြိန်တဲ့ နောက်ထပ်အောင်ပွဲပါပဲ။ ချယ်လ်ဆီးကိုလည်း နိုင်ခဲ့သလို မန်စီးတီးကိုလည်း ထပ်နိုင်လိုက်တဲ့အတွက် ဂျာဂန်ကလော့ဟာ နာမည်ကောင်းရနေပါပြီ။ ဒီနေ့ညမှာ လီဗာပူးအတွက် ပေါ်ထွက်လာတဲ့ သူရဲကောင်းအသစ်က ဖာမီနိုဖြစ်ပါတယ်။ ပထမပိုင်းမှာတင် လီဗာပူးက သုံးဂိုးရခဲ့တာဖြစ်ပြီး နှစ်ဂိုးဖန်တီးပေးပြီး တစ်ဂိုးသွင်းခဲ့တဲ့ ဖာမီနိုဟာ ဒီညအတွက် ပြိုင်ဘက်မရှိ သူရဲကောင်း တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ပထမဂိုးကတော့ ဖာမီနိုဖြတ်တင်တာကို မန်ဂါလာ ဖြတ်ထုတ်တာမှာ ခြေချော်ပြီး Own Goal ဖြစ်သွားတာပါ။ နောက်တစ်ဂိုးကတော့ ဖာမီနိုဖန်တီးပေးတာကို ကော်တင်ဟို သွင်းယူသွားတာပါ။ နောက်တတိယမြောက် ဂိုးကိုတော့ ခြေစွမ်းသိပ်ပြနေတဲ့ ဖာမီနိုပဲ သွင်းနိုင်ခဲ့ပါတယ်။

play

လီဗာပူးရဲ့ သမိုင်းဝင်နိုင်ပွဲ

ဒီကနေ့ပွဲမှာ ပြန်ပါလာတဲ့ မန်စီးတီးတိုက်စစ်မှူး အဂူရိုက ပထမပိုင်း မပြီးခင်မှာ မထင်မှတ်ပဲ ဂိုးဧရိယာထိပ်က ကန်ချက် ဂိုးဝင်သွားလို့ မန်စီးတီး ဘဲဥကွဲသွားခဲ့ပါတယ်။ ကွန်ပနီမရှိတဲ့ မန်စီးတီးနောက်တန်းဟာ သိပ်အားနည်းနေခဲ့ပြီး ဒုတိယပိုင်းမှာ လီဗာပူးက စကာတယ် တစ်ဂိုးထပ်သွင်းလို့ လေးဂိုးဖြစ်သွားပါတယ်။

စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဇယားထိပ်ကို ဦးဆောင်နေတဲ့ မန်စီးတီးရော အာဆင်နယ်ပါ ရှုံးပွဲ တွေ့သွားလို့ နိုင်ပွဲဆက်နေတဲ့ လက်စ်တာက နံပတ် ၁ နေရာရောက်လာပါပြီ။ မနှစ်က တန်းဆင်းရမလို ဖြစ်ခဲ့တဲ့ လက်စ်တာဟာ အခုတော့ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်တို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်မှာ ဦးဆောင်သူ ဖြစ်နေပါပြီ။

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ