Sports: ဘာစီလိုနာကို ရှုံးကြွေးထပ်တင်သွားတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ဘာစီလိုနာကို တစ်ဂိုးမှ ပြန်မသွင်းနိုင်ပဲ ဂိုးပြတ်ရှုံးသွား ခဲ့ပါပြီ။

play

 

အနာဂတ်မှာ ဘာစီလိုနာရဲ့ မက်ဆီလက်သစ်က နေမာပဲဖြစ်တယ်ဆိုတာ အယ်ကလက်စီကိုပွဲက သက်သေပြလိုက်ပြန်ပါပြီ။ နေမာရဲ့ ခြေစွမ်းပြမှုကို ရီးရဲလ်မက်ဒရစ် နောက်ခံကစားသမားတွေ မထိန်းနိုင်ခဲ့တာကြောင့် ဒီတစ်ခေါက်ဘာနေဗျူးကွင်းမှာ အောင်ပွဲခံသွားသူက ဘာစီလိုနာ ဖြစ်ပါတယ်။

play

ဒီပွဲမှာ နေမာရဲ့ခြေစွမ်းကို ရီရဲလ်မက်ဒရစ်ဘက်က မယှဉ်နိုင်ခဲ့ပါဘူး

မက်ဆီပွဲထွက်စာရင်းမှာ မပါတဲ့ ဘာစီလိုနာက တိုက်စစ်မှာ ဆွာရက်ဇ်၊ နေမာ၊ ဘတ်စ်ကွက်တို့နဲ့ ပွဲထွက်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် ဘက်ကတော့ ရော်နယ်ဒို၊ ဘန်ဇီမားနဲ့ ဂါရက်ဘေးလ်တို့ကို ပွဲထုတ်ခဲ့ပါတယ်။ အိမ်ရှင်အသင်းက ရီးရဲလ်မက်ဒရစ် ဖြစ်ပေမယ့် တကယ်တမ်းပွဲကို စိုးမိုးခဲ့တာက ဘာစီလိုနာပါ။ ပထမပိုင်း ၁၁ မိနစ်မှာတင် ဆွာရက်ဇ်ရဲ့ အဖွင့်ဂိုးနဲ့ ဘာစီလိုနာက ဦးဆောင်သွားပါတယ်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာလည်း ဘာစီလိုနာကသာ ပွဲကို စိုးမိုးထားခဲ့တာပါ။

play

အဖွင့်ဂိုးသွင်းနေတဲ့ ဆွာရက်ဇ်

ပွဲချိန် ၃၉ မိနစ်မှာ ဘာစီလိုနာ နောက်တစ်ဂိုးထပ်ရပါတယ်။ အင်နီယေစတာရဲ့ ပေးပို့မှုကို နေမာက အမှားအယွင်းမရှိကန်သွင်းသွားတာပါ။ နောက်မိနစ်အနည်းငယ်အကြာမှာ နေမာရဲ့ ခြေစွမ်းပြမှုကတဆင့် ဘာစီလိုနာ နောက်တစ်ဂိုးထပ်ရမလို ဖြစ်ခဲ့ပေမယ့် မာဆယ်လိုက ဂိုးစည်းပေါ်က ဖြတ်ထုတ်သွားလို့ ရီးရဲလ်မက်ဒရစ် ခံသာသွားခဲ့ပါတယ်။

play

တစ်ဂိုးစီသွင်းခဲ့ကြတဲ့ နေမာနဲ့ အင်နီယေစတာ

ဒုတိယပိုင်းမှာ မက်ဆီလူစားလဲ ဝင်ရောက်လာပါတယ်။ သိပ်မကြာခင်မှာပဲ နေမာက ဖနောင့်နဲ့ ချပေးတဲ့ ဘောလုံးကို အင်နီယေစတာက အပြင်းကန်သွင်းလိုက်လို့ ဘာစီလိုနာ တတိယဂိုးထပ်ရပါတယ်။တကယ်တော့ ဒုတိယပိုင်းမှာ ရီးရဲလ်မက်ဒရစ်ဘက် ဘန်ဇီမားနဲ့ ရော်နယ်ဒိုတို့ ဂိုးသွင်းဖို့ အခွင့်အရေးတွေ နှစ်ကြိမ်၊ သုံးကြိမ်ထက် မနည်းရခဲ့ကြတာပါ။ ပေါ့ပေါ့ဆဆ ကစားခဲ့မိလို့သာ ဂိုးမရပဲ ဖြစ်ခဲ့ရတာပါ။ နောက်ပိုင်းမှာ မက်ဆီရဲ့ ဖန်တီးပေးမှုကတဆင့် ဆွာရက်ဇ် ဒုတိယဂိုး ရသွားပြီး ဘာစီလိုနာ လေးဂိုး ရီးရဲလ်မက်ဒရစ် ဂိုးမရှိ ဖြစ်ခဲ့ပါတယ်။

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ