Sports: အာဆင်နယ်ကို ရောက်လာတော့မယ့် ပီအက်စ်ဂျီတိုက်စစ်မှူး

လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီရဲ့ ထိပ်သီးတိုက်စစ်မှူးက အာဆင်နယ်ကို ရောက်လာတော့မယ်လို့ ခန့်မှန်းမှုတွေ ထွက်နေပါပြီ။

play

ဒီရာသီပြီးရင် စာချုပ်သက်တမ်း ကုန်တော့မှာပါ

လာမယ့်နှစ်မှာ အာဆင်နယ်ကို ထိပ်သီးတိုက်စစ်မှူးတစ်ဦးရောက်လာမယ့် လမ်းစတော့မြင်နေရပါပြီ။ ပီအက်စ်ဂျီအသင်းရဲ့ အားထားရတဲ့တိုက်စစ်မှူးအီဗရာဟီမိုဗစ်ခ်ျက လာမယ့်ရာသီမှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ Sundnay People သတင်းစာက ရေးသားဖော်ပြလိုက်ပါတယ်။

အီဗရာဟီမိုဗစ်ခ်ျကိုယ်တိုင်က သူဟာအင်္ဂလိပ်ပရီးမီးယားလိဂ်မှာ ကစားဖို့အသက်ကြီးနေပြီလို့ ပြောထားပေမယ့် ပီအက်စ်ဂျီနဲ့စာချုပ်က ဒီရာသီကုန်ရင် ပြည့်တော့မှာပါ။ အခုထိ အီဗရာဟီမိုဗစ်ခ်ျကို စာချုပ်သစ်ကမ်းလှမ်းမယ့် လက္ခဏာမတွေ့ရသေးတာကြောင့် ဒီလိုသတင်းတွေထွက်လာခဲ့ရတာပါ။ စီးရီးအေ၊ လာလီဂါ၊ ပြင်သစ်လီဂူးနဲ့ ဟောလန်အမှတ်ပေးလိဂ်မှာတွေ ကစားဖူပြီး အမှတ်ပေးဖလားရခဲ့တဲ့ မိုဗစ်ခ်ျကို အင်္ဂလန်ကို ကာလတိုပဲ ဖြစ်ဖြစ် လာရောက်ကစားဖို့ ရှိနေတယ်လို့ သတင်းတွေက သုံးသပ်ထားပါတယ်။

play

အာစင်ဝင်းဂါးကလည်း အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ဖို့ ကြိုးစားဖူးပါတယ်

လွန်ခဲ့တဲ့နှစ်တွေကဆိုရင် မိုဗစ်ခ်ျက အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်အချို့ကို ပယ်ချခဲ့ဖူးပါတယ်။ အခုချိန်ထိ အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတွေရဲ့ ကမ်းလှမ်းချက်တွေကို မိုဗစ်ခ်ျရရှိထားဆဲ ဖြစ်တယ်လို့ သတင်းတွေက ဆိုထားပါတယ်။

Source : www.mirror.co.uk

Photos : www.gaol.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ