Sports: ချယ်လ်ဆီးကို တွမ်ခရုစ်ကယ်မှ ရတော့မယ်လို့ ပြောတဲ့မော်ရင်ဟို

ဒီရာသီချယ်လ်ဆီးအနေနဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်စရာ အ ကြောင်းမရှိတော့ဘူးလို့ မော်ရင်ဟိုက ဝန်ခံလိုက်ပါပြီ။

play

စံချိန်တင်အရှုံးတွေ ရနေတဲ့ မော်ရင်ဟို

ဒီနှစ်မှာတော့ ချယ်လ်ဆီးအသင်းအနေနဲ့ အမှတ်ပေးဖလားချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ မဖြစ်နိုင်တော့ပါဘူးလို့ မော်ရင်ဟိုကိုယ်တိုင်ဝန်ခံလိုက်ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ နောဝှစ်ခ်ျကို တစ်ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့ပြီး အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာပါ။

play

အသင်းသားတွေလည်း ဖိအားများနေကြ

ဒီနှစ်ဘောလုံးရာသီအဖို့တော့ ချယ်လ်ဆီးအတွက် ချန်ပီယံဘွဲ့ကာကွယ်ရေးဟာ မဖြစ်နိုင်တဲ့စစ်ဆင်ရေးဆိုပြီး မင်းသားတွမ်ခရုစ်ရဲ့အက်ရှင်ဇာတ်ကားနာမည်ကို မော်ရင်ဟိုက ထည့်သွင်းပြောဆိုခဲ့တာပါ။ ဒီနှစ်ဖလားရချင်ရင်တောာ့ Mission Impossible ဇာတ်ကားထဲကလိုပဲ တွမ်ခရုစ်ကို လုပ်ခိုင်းမှ ရတော့မယ်လို့ မော်ရင်ဟိုက ပြောလိုက်တာပါ။ “ ခင်ဗျားတို့က ကျွန်တော့်ကို ချယ်လ်ဆီးဖလားရနိုင်သေးလား မေးရင်တော့ မဖြစ်နိုင်တဲ့ စစ်ဆင်ရေးလို့ပဲ ပြောရတော့မှာပဲ။ ဇာတ်ကားထဲကလို တွမ်ခရုစ်ကို လွှတ်လိုက်ရင်တော့ ရရင် ရမှာပေါ့” လို့ မော်ရင်ဟိုက ဟာသနှောပြီး ပြောခဲ့တာပါ။

play

Mission Impossible ဇာတ်ကားထဲက တွမ်ခရုစ်

ဒီနှစ်ချန်ပီယံလောင်းစာရင်းထဲမှာလည်း သုံးသပ်သူတွေက ချယ်လ်ဆီးကိုထုတ်ထားလိုက်တာ ကြာခဲ့ပါပြီ။ ၁၃ ပွဲကစားပြီးချိန်မှာ ချယ်လ်ဆီးက လေးပွဲသာနိုင်ပြီး ၇ ပွဲရှုံးထားပါတယ်။

Source : www.goal.com

Photos : www.dailymail.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ