Sports: ဝက်စ်ဘရွန်းကို ရှုံးပြီးတဲ့နောက် အာစင်ဝင်းဂါး ဘာပြောလဲ

ဝက်စ်ဘရွန်းကို ရှုံးပြီးတဲ့နောက် အမှတ်ပေးဇယားကို ဦးဆောင်ခွင့် လက်လွှတ်လိုက်ရတဲ့ အာစင်ဝင်းဂါးက စိတ်ပျက်လက်ပျက် ငြီးတွားလိုက်ပါတယ်။

play

စိတ်ပျက်နေတဲ့ အာစင်ဝင်းဂါး

ဝက်စ်ဘရွန်းအသင်းကိုမထင်မှတ်ပဲ ရှုံးသွားပြီးတဲ့နောက် နည်းပြအာစင်ဝင်းဂါးက အတော်လေး မကျေမနပ် ဖြစ်လျှက်ရှိပါတယ်။ တစ်ပြိုင်တည်းကစားခဲ့တဲ့မန်စီးတီး- လီဗာပူးပွဲမှာ မန်စီးတီးက ရှုံးသွားတဲ့အတွက် အာဆင်နယ်သာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားကို ဦးဆောင်ခွင့်တောင် ရသွားမှာပါ။

ဒါပေမယ့်  အာဆင်နယ်လည်း ရှုံသွားလို့ အမှတ်ပေးဇယားကို လက်စ်တာဦးဆောင်သွားပါတယ်။ ပိုဆိုးတာက အရှုံးရလဒ်အပြင် ဒဏ်ရာရကစားသမားတွေကိုပါ ရလိုက်တာပါပဲ။ ပွဲအပြီးမှာ အာတီတာနဲ့ ကိုကွယ်လင်းလည်း ဒဏ်ရာရသွားလို့ အာစင်ဝင်းဂါးခေါင်းကိုက်ရပါတော့မယ်။ ပွဲရှုံးနိမ့်ပြီးတဲ့နောက် အသင်းမန်နေဂျာ အာစင်ဝင်းဂါးက အခုလို ပြောပါတယ်။

play

ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဆန်းချက်ဇ်

“ တော်တော်လေး ကံမကောင်းတဲ့နေပါပဲ။ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းလောက်အထိ ရှိခဲ့ပေမယ့် ပင်နယ်တီရတာလည်း မဝင်ခဲ့ဘူး။ ကိုယ့်ဂိုးကိုယ်လည်း သွင်းမိခဲ့တယ်။ နောက်ထပ်ပေးလိုက်ရတဲ့ ဂိုးကလည်း အလွတ်တည်ကန်ဘောကနေ ပေးလိုက်ရတာလေ။ ဒီနေ့လည်ခင်းကတော့ ကျွန်ေတာ့်အတွက် အိပ်မက်ဆိုးတွေနဲ့ ပြည့်နေတော့တာပဲ” လို့ အာစင်ဝင်းဂါးက ပွဲအပြီးမှာ ပြောပါတယ်။

၂-၁ နဲ့ရှုံးနိမ့်နေချိန်မှာ အာဆင်နယ်ပင်နယ်တီရပြီး ကာဇိုလာကန်ခွင့်ရခဲ့ပေမယ့် ချော်လဲသွားခဲ့လို့ ပင်နယ်တီမဝင်ခဲ့ပဲ သရေတစ်မှတ်တောင် မယူနိုင်ခဲ့ပါဘူး။

Source : www.thesundaily.my

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ