Sports: နစ္စတယ်ရွိုင်းရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီသွားတဲ့ တိုက်စစ်မှူး

လက်စတာတိုက်စစ်မှူးဗာဒီက ပရီးမီးယားလိဂ် ချန်ပီယံဟောင်းနစ္စတယ်ရွိုင်းရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီသွားပြီ ဖြစ်ပါတယ်။

play

ဆယ်ပွဲဆက်တိုက် ဂိုးသွင်းသူအသစ်ဟာ ဗာဒီဖြစ်လာပါပြီ

တစ်ချိန်က မန်ယူအသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ ပရီးမီးယားလိဂ်မှာ ဆယ်ပွဲဆက်တိုက် ဂိုးသွင်းခဲ့ဖူးတဲ့ စံချိန်ကို ရခဲ့ဖူးပြီး အခုသူ့ရဲ့စံချိန်ကို လိုက်မီသူတစ်ယောက် ရှိလာပါပြီ။ သူက လက်စတာစီးတီးတိုက်စစ်မှူး ဗာဒီဖြစ်ပါတယ်။

play

နယူးကာဆယ်နဲ့ပွဲမှာ တစ်ဂိုးထပ်သွင်းခဲ့သူပါ

စနေနေ့က နယူးကာဆယ်ကို လက်စတာစီးတီးနိုင်ခဲ့ပြီးတဲ့နောက် ဗာဒီက ပရီးမီးယားလိဂ်မှာ ဆယ်ပွဲဆက်တိုက် ဂိုးသွင်းနိုင်သူ ဖြစ်လာခဲ့ပါပြီ။ တကယ်လို့များ နောက်တစ်ပွဲမှာ ဂိုးဆက်သွင်းနိုင်ခဲ့ရင်တော့ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာတော့မှာပါ။ တိုက်ဆိုင်စွာပဲ နောက်တပတ်မှာ ဗာဒီရင်ဆိုင်ရမယ့် အသင်းက နစ္စတယ်ရွိုင်းရဲ့ အသင်းဟောင်း မန်ယူဖြစ်နေပါတယ်။

play

စံချိန်ဟောင်းရှင် နစ္စတယ်ရွိုင်း

ဗာဒီကတော့ သူနစ္စတယ်ရွိုင်းရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီသွားတာ ပျော်ရတယ်ဆိုပေမယ့် အသင်းရတဲ့ အနိုင်သုံးမှတ်အပေါ် ပိုပျော်ရတယ်လို့ ဆိုထားပါတယ်။ နည်းပြရာနီယေးရီကလည်း တိုက်စစ်မှူးဗာဒီကို ပိုင်ဆိုင်ထားတာာနဲ့ ပတ်သတ်ပြီး အတော်လေးပျော်တယ်လို့ ပွဲအပြီးမှာ ပြောသွားပါတယ်။

Source  & Photos: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ