Sports: စပါးနဲ့ ဝက်စ်ဟ အပြိုင်ကြဲ မယ့်လန်ဒန် ဒါဘီ

, updated

အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ စပါးကို ဝက်စ်ဟမ်းက ဝှိုက်ဟတ်လိန်းကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။

play

အဝေးကွင်းကောင်းတဲ့ ဝက်စ်ဟမ်း

ဒီကနေ့ တနင်္ဂနွေညမှာလည်း  ပရိသတ်တွေကို ဆွဲဆောင်ထားတဲ့ စူပါဆန်းဒေးပွဲစဉ်အဖြစ် စပါးနဲ့ ဝက်စ်ဟမ်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲရှိနေပါတယ်။ အိမ်ကွင်းရလဒ်သိပ်ကောင်းပါတယ်ဆိုတဲ့ စပါးနဲ့ အဝေးကွင်းရလဒ်သိပ်ကောင်းပါတယ်ဆိုတဲ့ ဝက်စ်ဟမ်းတို့ ဘယ်လိုရလဒ်ထွက်လာမလဲ စိတ်ဝင်စားစရာပါ။

play

ဒီကနေ့ပွဲကို လွဲဖို့များနေတဲ့ လာမီလာ

စပါးက အိမ်ကွင်းရှုံးပွဲမရှိသေးပါဘူး။ ဝက်စ်ဟမ်းက အဝေးကွင်းတစ်ပွဲပဲ ရှုံးထားပါသေးတယ်။ စပါးမှာ အားနည်းချက် လာမီလာ၊ချက်ဒလီစတဲ့ ကစားသမားတွေ ပါဝင်နိုင်မှာ မဟုတ်တာပါပဲ။ ဝက်စ်ဟမးက ပိုတောင်ဆိုးပါသေးတယ်။ အားထားရတဲ့ ပါရက်၊ ဆာခိုနဲ့ ဗလန်စီယာတို့ကို ဒီပွဲမှာ ထည့်သုံးနိုင်မှာ မဟုတ်ပါဘူး။

play

စပါးနည်းပြ ပိုချက်တီနို

ဝက်စ်ဟမ်းဟာ ဒီရာသီမှာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီး တို့ကို အနိုင်ယူထားတဲ့ စံချိန်ရှိနေပါတယ်။ အိမ်ကွင်းရှုံးပွဲမရှိစံချိန် ရထားတဲ့ စပါးကြောင့်လည်း ဝက်စ်ဟမ်းအတွက် ရလဒ်ကောင်းဖို့ မလွယ်ပါဘူး။ စူပါဆန်းဒေးရဲ့ လန်ဒန်ဒါဘီပွဲဟာ အရှုံးအနိုင်အဖြေပေါ်ဖို့ ခက်မယ်လို့ ယူဆပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက်နဲ့တင် ပွဲပြီးသွားနိုင်ပါတယ်။

Photos: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ