Sports: အေတီပီဝေါတိုးလ်ရဲ့ လေးနှစ်ဆက် ချန်ပီယံ ဖြစ်လာတဲ့ ဂျိုကိုဗစ်

ပြိုင်ဘက်ဖက်ဒါးရားကို အနိုင်ယူပြီး ဂျိုကိုဗစ်က လေးနှစ်ဆက်ချန်ပီယံ ဖြစ်လာခဲ့တာပါ။

play

 

ကမ္ဘာ့အဆင့်-၁ တင်းနစ်ချန်ပီယံဂျိုကိုဗစ်အတွက် ၂၀၁၅ ခုနှစ်မကုန်ခင်မှာပဲ နောက်ထပ်ချိုမြိန်တဲ့ အောင်ပွဲတစ်ခု ရောက်လာခဲ့ပြန်ပါပြီ။ အေတီပီဝေါတိုးလ်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်တင်းနစ်သမား ဖက်ဒါးရားကို အနိုင်ယူပြီး ၄ နှစ်ဆက်တိုက်စံချိန်တင် ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

play

ချန်ပီယံဂျိုကိုဗစ် အောင်ပွဲခံနေစဉ်

ဆားဘီးယားချန်ပီယံ ဂျိုကိုဗစ်က ဖက်ဒါးရားကကို ၆-၃၊ ၆-၄ နဲ့ နှစ်ပွဲဆက်တိုက် မိနစ် ၈၀ အတွင်း အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ အေတီပီဝေါလ်တိုးချန်ပီယံဖြစ်ခဲ့တဲ့ ဂျိုကိုဗစ်က ၂၀၁၅ တစ်နှစ်တည်းမှာတင် ရခဲ့တဲ့ ဆုဖလား ၁၁ ခုရှိသွားပြီဖြစ်ပါတယ်။

play

 

ပွဲအပြီး တွေ့ရသည့် ဂျိုကိုဗစ်

ဂျိုကိုဗစ်ဒီနှစ်ထဲရခဲ့တဲ့ အောင်မြင်မှုတွေထဲမှာ ဂရန်းစလန်းဆုဖလားလည်း ပါဝင်ထားပါတယ်။ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့သူ ဖက်ဒါးရားကတော့ အရှုံးဟာ ကျေနပ်စရာ မဟုတ်ပေမယ့် မနှစ်ကလို တစ်ပွဲမှ မကစားရပဲ နားနေရတာထက်စာရင် အခုက ပိုကောင်းတယ်လို့ ဆိုပါတယ်။

play

ရှုံးနိမ့်ခဲ့သူ ဖက်ဒါးရား

“ဒီနှစ်မှာ ကျွန်တော်အောင်မြင်မှုတစ်ချို့ ယူနိုင်ခဲ့တယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ထူးခြားတဲ့ နှစ်ပေါ့။ ပိုကောင်းတဲ့အခြေအနေရောက်အောင် ကျွန်တော်လုပ်နိုင်ခဲ့တယ်။ စံချိန်များစွာနဲ့ သမိုင်းတင်နိုင်မယ် ဆိုတာ ကျွန်တော်သိနေခဲ့ပါတယ်” လို့ပွဲအပြီးမှာ ဂျိုကိုဗစ်က ပြောပါတယ်။

Souce & Photos : www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ