Sports: အမ်းမရိတ်ကွင်းနဲ့ အိုးထရက်ဖို့ဒ် မှားပြီးအားပေးခဲ့တဲ့ မန်ယူ ကစားသမားရဲ့ ဇနီး

အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းကို အိုးထရက်ဖို့ဒ်ထင်ပြီး မှားယွင်းကာ လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့မိတာ ဖြစ်ပါတယ်။

play

မာရှယ်နဲ့ သူ့ရဲ့ဇနီးဆမန်သာ

မန်ယူအသင်း တိုက်စစ်မှူး အန်သိုနီမာရှယ်ရဲ့ ဇနီးဖြစ်သူဟာ အာဆင်နယ်ကွင်းနဲ့ မန်ယူကွင်းမှားယွင်းပြီး လူမှုကွန်ယက်ပေါ်မှာ အားပေးမိခဲ့တဲ့အတွက် ပရိသတ်တွေအကြား ဟာသဖြစ်သွားခဲ့ပါတယ်။ မန်ယူနဲ့ ဝက်ဖို့ဒ် ကန်မယ့်ပွဲမတိုင်ခင်မှာ မာရှယ်ရဲ့ဇနီးဖြစ်သူက ဆမန်သာမာရှယ်က အာဆင်နယ်ကွင်းပုံကို အင်စတာဂရမ်မှာ တင်ပြီး သူ့ရဲ့ခင်ပွန်းဖြစ်သူအသင်းကို အားပေးဖို့ ကြိုးစားခဲ့တာပါ။

play

ဆမန်သာမှားတင်ခဲ့တဲ့ အမ်းမရိတ်ကွင်း

ကံမကောင်းစွာနဲ့ပဲ သူမတင်လိုက်တဲ့ ကွင်းပုံက အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းဖြစ်နေခဲ့ပါတယ်။ မာရှယ်ကလည်း ဒဏ်ရာရာနေတာကြောင့် ဝက်ဖို့ဒ်နဲ့ပွဲမှာ မပါနိုင်ခဲ့ပါဘူး။ အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းနဲ့ မန်ယူအသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းပုံကို မှားယွင်းတင်မိလိုက်တာ သိသွားပြီး ဆမန်သာတစ်ယောက် အမြန်ပြန်ဖြုတ်ချခဲ့ပေမယ့် ပရိသတ်တွေအကြားမှာ သူ့ရဲ့ပို့စ်က ပျံ့နှံ့ရောက်ရှိနေခဲ့ပြီးပြီ ဖြစ်ပါတယ်။

play

ဒါကမှ မန်ယူရဲ့ အိုးထရက်ဖို့ဒ်ကွင်းဖြစ်ပါတယ်

သူမက မှားယွင်းပြီး တင်မိလိုက်တဲ့ အာဆင်နယ်ကတော့ အဲဒီနေ့ပွဲမှာ ဝက်စ်ဘရွန်းကို ရှုံးနိမ့်သွားပါတယ်။ မန်ယူကတော့ နောက်ကျမှ သွင်းခဲ့တဲ့ ဂိုးနဲ့ ဝက်ဖို့ဒ်ကို အနိုင်ယူခဲ့ပါတယ်။ တိုက်စစ်မှူးမာရှယ်ဟာ ဒဏ်ရာ ပြဿနာကြောင့် စနေနေ့ကပွဲမှာ မပါနိုင်ခဲ့ပေမယ့် လာမယ့် ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်မှာတော့ ပြန်ပါနိုင်ဖို့ မျှော်လင့်ရပါတယ်။

Source & Photos: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ