Sports: ရန်ကုန်ယူနိုက်တက် ဂိုးပြတ် အနိုင်ရလဒ်ဖြင့် စတင်

ရန်ကုန်ယူနိုက်တက်အသင်းသည် ဘွန်ကတ် အန်ကော့ အသင်းနှင့် အဝေးကွင်းတွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး ၊ လက်ရှိ အချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက သွင်းဂိုး အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ 

play

 

ရန်ကုန်ယူနိုက်တက်အသင်းသည် Toyota Mekong Club Championship အဖွင့်ပွဲစဉ်တွင် လာအို တိုယိုတာ အသင်းကို ၅ - ၂ ဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည့်အတွက် အကြိုဗိုလ်လုပွဲ တက်ရောက်ရန် အခြေအနေကောင်းတစ်ရပ်ပိုင်ဆိုင်နိုင်ခဲ့သည်။

play

 

အနိုင်ဂိုးများကို ပွဲချိန် (၁၄) မိနစ်တွင် အယ်ဒီဆင် ၊  မိနစ် (၂၀) တွင် အယ်ဒီဆင် ၊ မိနစ် (၅၀) တွင် ဒေးဗစ်ထန်း ၊ ပွဲချိန် (၆၁) မိနစ်တွင် တိုက်စစ်မှူး ကျော်ကိုကိုက ၊ ပွဲချိန် (၆၃) မိနစ်တွင် ရန်အောင်ကျော် တို့မှ သွင်းယူပေးခဲ့သည်။ လာအိုတိုယိုတာ အသင်းအတွက် ချေပဂိုးကို ပွဲချိန် (၄၇) မိနစ်တွင် ကာဇူအိုနှင့် ပွဲချိန် မိနစ် (၉၀) တွင် ဖက်ဒရစ် တို့မှ သွင်းယူခဲ့သည်။

လာမည့် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ဘွန်ကတ် အန်ကော့ အသင်းနှင့် အဝေးကွင်းတွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး ၊ လက်ရှိ အချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက သွင်းဂိုး အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ 

Photo: YUFC Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ