Sports: တစ်ပတ်အတွင်း အာဆီယံ အကောင်းဆုံး ဘောလုံးသမား အဖြစ် ကျော်ကိုကို ရွေးချယ်ခံရ

လာအိုတိုယိုတာအသင်းကို ရန်ကုန်ယူနိုက်တက်က အနိုင်ရတဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ကျော်ကိုကို တပတ်အတွင်း အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

play

 

ဘောလုံးအားကစားဝက်ဘ်ဆိုက်ဖြစ်တဲ့ Goal.com ကရွေးချယ်တဲ့ တစ်ပတ်တာအတွင်း အကောင်းဆုံး အရှေ့တောင်အာအရှ အကောင်းဆုံး ကစားသမားဆိုကို ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ကျော်ကိုကို ရရှိသွားပါတယ်။

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ တိုယိုတာမဲခေါင်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရန်ကုန်ယူနိုက်တက်က လာအိုတိုယိုတာ အသင်းကို ဂိုးပြတ်အနိုင်ခဲ့ပြီးနောက် တစ်ပတ်အတွင်း အကောင်းဆုံး ကစားသမားအဖြစ် ကျော်ကိုကို ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ လာအိုတိုယိုတာ အသင်းကို ရန်ကုန်က ၅-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ကျော်ကိုကိုက ကိုယ်တိုင်တစ်ဂိုးသွင်းခဲ့တဲ့အပြင် နောက်ထပ် နှစ်ဂိုးရအောင် ကူညီပံ့ပိုးပေးနိုင်ခဲ့လို့ ဖြစ်ပါတယ်။

play

 

ရန်ကုန်ယူနိုက်တက်အတွင် အဖွင့်ဂိုးရအောင် ကျော်ကိုကိုက ပံ့ပိုးပေးနိုင်ခဲ့တဲ့ အပြင် ဒေးဗစ်ထန်းရဲ့ ဂိုးဟာလည်း ကျော်ကိုကိုရဲ့ ကြိုးစားအားထုတ်မှုကတဆင့် ရခဲ့တာဖြစ်တယ်လို့ Goal.com ကရေးသား ဖော်ပြပါတယ်။

ရန်ကုန်ယူနိုက်တက်ဟာ ၂၀၁၅ မဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့်မှာ လာအိုတိုယိုတာ အသင်းကို အနိုင်ယူပြီးတဲ့နောက် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကမ္ဘောဒီးယားကလပ်အသင်း ဘောင်းကတ်အန်ကောနဲ့ ဒုတိယပွဲ ကစားရဦးမှာပါ။

Source & Photos: www.goal.com

Photos : yangonunitedfc

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ