Sports: မန်စီးတီးက နာဆရီနဲ့ ချစ်သူ မော်ဒယ်တို့ လမ်းခွဲကြပြီ

မန်စီးတီးကစားသမားနာဆရီတစ်ယောက် ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ကြားက အခုတော့ အသဲကွဲတဲ့ ဝေဒနာတစ်ခုပါ ထပ်တိုးလာပြီ ဖြစ်ပါတယ်။

 

မန်စီးတီးအသင်းကွင်းလယ်ကစားသမား နာဆရီနီနဲ့ သူ့ရဲ့ချစ်သူ မော်ဒယ် အန်နာရာအက်တိန်းစ်တို့ လမ်းခွဲလိုက်ကြပြီလို့ တနင်္လာနေ့မနက်ပိုင်း သတင်းတစ်ချို့မှာ ဖော်ပြထားပါတယ်။ ကာယကံရှင်တွေဆီက တရားဝင်အတည်ပြုချက်မရသေးပေမယ့် သူတို့နှစ်ဦးလမ်းခွဲလိုက်ကြောင်း လုံလောက်တဲ့ သတင်းအချက်အလက်တွေပါ ထွက်လာခဲ့ပြန်ပါတယ်။

သူမက Victoria Secret မော်ဒယ်တစ်ဦးလည်း ဖြစ်ပါတယ်

သူတို့ချစ်သူနှစ်ဦးဟာ လူမှုကွန်ယက်တွေဖြစ်တဲ့ တွစ်တာနဲ့ အင်စတာဂရမ်တွေမှာ တစ်ဦးကို တစ်ဦး Follow မလုပ်တော့ထားတော့တာကြောင့် အခုလို သတင်းတွေထွက်လာခဲ့တာပါ။ ဒါတင်မကသေးပါဘူး။ နာဆရီရဲ့ ချစ်သူ ဖြစ်တဲ့ အန်နာရာကလည်း တစ်ယောက်တည်းနေရခြင်းက ပိုကောင်းတယ်ဆိုပြီး အဓိပ္ပါယ်ရတဲ့ စာသားမျိုး တင်ခဲ့ပါသေးတယ်။

ဘာတွေဖြစ်ကြလို့ လမ်းခွဲကြလဲဆိုတာတော့ မသိရသေးပါဘူး

“ အတုအယောင်နေရာတစ်ခုမှာနေရတာထက် တစ်ယောက်တည်းနေရတာ ပိုကောင်းပါတယ်” ဆိုတဲ့ စာသားကို နာဆရီက ရေးသားပြီး တင်ထားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် နာဆရီနဲ့ အသက် ၂၇ နှစ်အရွယ် Victoria Secret မော်ဒယ်တို့ဟာ ချစ်သူဖြစ်ခဲ့ကြတာ နှစ်နှစ်ရှိပြီ ဖြစ်ပါတယ်။

 

နာဆရီဟာ ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေ ရုန်းကန်နေရသူဖြစ်ပြီး အခုထိလည်း ဒဏ်ရာပြန်ကောင်းလာဖို့ အနားယူနေရဆဲ ဖြစ်ပါတယ်။

Source & Photos : www.cautchoffside.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ