Sports: မြန်မာ အင်တာနေရှင်နယ်အိုးပင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများ ကျင်းပ

play

 

ယနေ့ (နိုဝင်ဘာ ၂၃ ရက်) နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်၌ ၂၀၁၅ ခုနှစ်၊ မြန်မာ အင်တာနေရှင်နယ်အိုးပင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းနား ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းပြိုင်ပွဲကို နိုဝင်ဘာ ၂၂ မှ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် မြန်မာ၊ ယူကရိန်း၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ ဂျာမနီ၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ ကစားသမား စုစုပေါင်း ၆၆ ဦး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာ အင်တာနေရှင်နယ်အိုးပင်း စစ်တုရင်ပြိုင်ပွဲများကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အထိ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲသို့ မည်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိသည်။

Source and Photo : MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ