နှစ်ပွဲကို အနိုင်ရမှသာ ချယ်လ်ဆီးက အုပ်စုပထမ ရဖို့ မျှော်လင့်နိုင်မှာ ဖြစ်လို့ ပါပဲ။ ဒါတောင် ပေါ်တိုနဲ့ နောက်ဆုံးပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုပါသေးတယ်။
မက္ကာဘီတဲအဗစ်နဲ့ ချယ်လ်ဆီးကစားမယ့် ပွဲစဉ်ကို လေ့လာကြည့်ရအောင်ပါ။ ချယ်လ်ဆီးက ချန်ပီယံလိဂ် အဝေးကွင်းနောက်ဆုံး ၁၀ ပွဲကစားထားရမှာ နှစ်ပွဲသာ နိုင်ထားလို့ ဒီနေ့ပွဲလည်း စိုးရိမ်စရာပါ။ ဒီနေ့ပွဲက ချယ်လ်ဆီးအတွက် အဝေးကွင်းပွဲစဉ်က ချယ်လ်ဆီးမှာ ပထမဂိုးသမား ကော့တွစ်မပါနိုင်သေးပါဘူး။ ဖယ်လ်ကာအိုလည်း ပါနိုင်ဦးမှာ မဟုတ်ပါဘူး။
လေ့ကျင့်ရေးကွင်းမှာ တွေ့ရတဲ့ ဟာဇက်
ဒါပေမယ့် ချန်ပီယံလိဂ် အုပ်စု G အတွင်းမှာ နိုင်ပွဲတစ်ပွဲမရ မရလောက်အောင်ကို ခြေစွမ်နုံချာတဲ့ မက္ကာတီတဲအဗစ်ကို ချယ်လ်ဆီးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ပထမအကျော့တုန်းကတော့ ချယ်လ်ဆီးက မက္ကာဘီတဲလ်အဗစ်ကို ၄-၀ ဂိုးနဲ့ နိုင်ထားတာပါ။ ခြေစွမ်းခြင်းကတော့ ကွာလွန်းလှပါတယ်။
ချယ်လ်ဆီအသင်းသားများ ချန်ပီယံလိဂ်မတိုင်ခင် လျေ့ကင့်ခန်း ဆင်းနေကြစဉ်
စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကတော့ ချယ်လ်ဆီးက ချန်ပီယံလိဂ် အဝေးကွင်းနောက်ဆုံး ဆယ် ပွဲမှာ ငါး ပွဲ သရေကျပြီး သုံးပွဲရှုံးထားပါတယ်။
မက္ကာဘီတဲလ်အဗစ်ကတော့ ချန်ပီယံလိဂ် ဆယ်ပွဲကစားရာမှာ တစ်ပွဲသာ နိုင်ဖူးတဲ့အသင်းပါ။ ဆယ်ပွဲမှာ သွင်းဂိုးကလည်း လေးဂိုးသာ ရှိပါတယ်။
Sourece : www.goal.com
Photos : www.dailymail.co.uk