Sports: ဒီတစ်ပွဲမှ မနိုင်ရင် ချန်ပီယံလိဂ်က ထွက်ရတော့မယ့် အာဆင်နယ်

အာဆင်နယ်ကတော့ လက်ကျန်မျှော်လင့်ချက်အတွက် ဒိုင်နမိုဇာဂရက်ကို မဖြစ်မနေ အနိုင်ကစားရမှာပါ။

play

 

အာဆင်နယ်ရဲ့ ဒီကနေ့ ချန်ပီယံလိဂ်ပွဲကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးပါ။ အာဆင်နယ်ရော ဒိုင်နမိုဇာဂရက်အသင်းပါ နောက်တဆင့်တက်ဖို့ မျှော်လင့်ချက် ခပ်ရေးရေးတော့ ရှိပါသေးတယ်။ ဒီပွဲသရေ ကျခဲ့ရင်တော့ နှစ်သင်းလုံး အုပ်စုက ပြုတ်ဖို့ သေချာသွားတော့မှာပါ။

play

ဘိုင်ယန်နဲ့ပထမပွဲမှာ ရှုံးခဲ့တဲ့ အာဆင်နယ်

နိုင်ဝင်ဘာလထဲမှာ အာဆင်နယ်ရဲ့ ရလဒ်တွေကိုကြည့်လိုက်ရင် စိတ်ပျက်စရာပါ။ ဘိုင်ယန်မြူးနစ်ကို ၅-၁ ဂိုးနဲ့ ရှုံးတဲ့အပြင် စပါးနဲ့ပွဲမှာလည်း သရေကျခဲ့ပြန်ပါတယ်။ နောက်ဆုံးပွဲမှာလည်း ဝက်စ်ဘရွန်းကို ရှုံးခဲ့ပြန်ပါတယ်။ ဒီကနေ့ပွဲကိုမှ အာဆင်နယ် နိုင်ပွဲမရခဲ့ရင်တော့ ချန်ပီယံလိဂ်က အစောဆုံးထွက်ရတဲ့ နှစ်အဖြစ် အာဆင်နယ် မှတ်တမ်းဝင်သွားတော့မှာပါ။

အာဆင်နယ်မှ ဒဏ်ရာပြဿနာလည်း နည်းနည်းရှိနေပါသေးတယ်။ ကိုကွယ်လင်းနဲ့ အာတီတာ ပြန်ကစားနိုင်ပါဦးမလားဆိုတာ မသေချာသေးပါဘူး။ ဝဲလ်ကော့၊ ချိန်ဘာလိန်၊ ဝီရှိုင်းယား၊ ဝဲလ်ဘက်၊ ရိုဆစ်စကီးတို့ကတော့ မပါဖို့ သေချာပါတယ်။ ဒိုင်နမိုဇာဂရက်ဘက်မှာလည်း အဒ္ဒမီ၊ ပိုက်ဗရစ်နဲ့ အန်တိုလစ်တို့ ပါမှာ မဟုတ်တာကြောင့် ပိုပြီး အားနည်းနေမယ်လို့ ယူဆရပါတယ်။

play

ဒိုင်နမိုဇာဂရက်နဲ့ပွဲမှာ အနီကတ်ပြခံနေရတဲ့ ဂီရော့ဒ်

ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ပထမအကျော့တုန်းက အာဆင်နယ်ကိုနိုင်ထားတ့ ဒိုင်နမိုဇာဂရက်အသင်းမှာ အဒ္ဒမီကတားမြစ်ဆေးသုံးစွဲခဲ့တာ ပေါ်ပေါက်ပြီး လေးနှစ်ပွဲပယ်ပြစ်ဒဏ် ထားရတာ ဖြစ်ပါတယ်။

ဒီပွဲက အာဆင်နယ်အိမ်ကွင်းပဲ ဒိုင်နမိုဇာဂရက်က ချန်ပီယံလိဂ် အဝေးကွင်း နောက်ဆုံး ၁၁ ပွဲမှာ လုံးဝနိုင်ပွဲ မရထားပါဘူး။

play

 

စိတ်ဝင်စားဖို့ ကောင်းတာတွေကတော့ အရင်က ဒီနှစ်သင်း သုံးကြိမ်တွေ့ထားပြီး အာဆင်နယ်က နှစ်ကြိမ်နိုင်ထားပါတယ်။ ဒိုင်နမိုကတော့ တစ်ကြိမ်ပါ။

အာဆင်နယ်က ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံးပွဲမှာ ဘိုင်ယန်မြူးနစ်ကို နိုင်ထားပါတယ်။ ဒါပေမယ့် ၂၀၁၂ ကစပြီး အာဆင်နယ်က အိမ်ကွင်းမှာ ချန်ပီယံလိဂ် နှစ်ပွဲဆက်တိုက်မနိုင်ဘူးသေးပါဘူး။

Source : www.goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ