Sports: ရိုးမားကို တစ်ခါမှ မနိုင်ဘူးသေးတဲ့ ဘာစီလိုနာ

ရိုးမားကို တစ်ခါမှ မနိုင်ဖူးသေးတဲ့ ဘာစီလိုနာ ဒီပွဲမှာ စံချိန်ချိုးပြီး နိုင်သွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

play

ဘိုရီဆော့ဗ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဆွာရက်ဇ်ဂိုးသွင်းစဉ်

ရိုးမားအတွက် သေရေးရှင်ရေ တမျှ အရေးကြီးတဲ့ပွဲဟာ ဘာစီလိုနာနဲ့ပွဲ ဖြစ်နေတာ ကံဆိုးတာပါပဲ။ ထပ်ပြီး ကံဆိုးတာက ဘာစီလိုနာကွင်းမှာ ဒီပွဲကို ကစားမှာ ဖြစ်နေတာပါ။

နှစ်ပွဲသာ ကစားဖို့ ကျန်တော့တဲ့အချိန်မှာ ရိုးမားက ငါးမှတ်ရပြီး ဒုတိယနေရာမှာ ရှိနေပါတယ်။ ဘာစီလိုနာက ၁၀ မှတ်ရထားပြီးသားဖြစ်လို့ ဒီပွဲသရေတစ်မှတ် တရရင်တော် အုပ်စုပထမ ဖြစ်တော့မှာပါ။ ဒါပေမယ့် အိမ်ကွင်းမှာ ကစားရမယ့်ပွဲဆိုတော့ အနိုင်ယူဖို့ ကြိုးစားဦးမယ် ထင်ပါတယ်။

play

ရိုးမားဘက်ကို မက်ဆီထိုးဖောက်နေစဉ်

ဘာစီလိုနာဘက်မှာ ရာဖင်ညာနဲ့ ဒေါက်ဂလက်စ်တို့လောက်ပဲ ဒဏ်ရာပြဿနာရှိပေမယ့် ရိုးမားတိုက်စစ်ကတော့ ဒဏ်ရာတွေနဲ့ စိုးရိမ်စရာပါ။ ဆာလက်ရှ်၊ တော့တီ၊ ဂါဗင်ဟိုတို့ အားလုံး ဒဏ်ရာကြောင့် ပါနိုင်မှာ မဟုတ်ပါဘူး။ ကာပရာဒေါ့ဆီနဲ့ စထရုမန်းတို့လည်း လွဲကြဦးမှာပါ။ ဒီတော့ ရိုးမား အတွက် အင်အားမပြည့်တဲ့ သဘောပါပဲ။

ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့တဲ့ ဘာစီလိုနာ ခြေစွမ်းနဲ့ ဆိုရင် ရိုးမားအတွက် စိုးရိမ်စရာ ဆိုပေမယ့် စိတ်ဝင် စားစရာကောင်းတဲ့ အချက်တစ်ချို့ ရှိနေပါတယ်။ အဲဒါတွေကတော့….

play

 

စိတ်ဝင်စားစရာ ကောင်းတာကတော့ ဘာစီလိုနာက ချန်ပီယံလိဂ်မှာ ရိုးမားကို တစ်ခါမှ မနိုင်ဘူးသေးပါဘူး။ နှစ်ခါသရေကျပြီး တစ်ခါရှုံးထားတာပါ။

ဘာစီလိုနာကလည်း အီတလီအသင်းတွေကို အိမ်ကွင်းမှာ ခေါ်ကစားထားတဲ့ နောက်ဆုံးကိုးပွဲလုံး တစ်ခါမှ မရှုံးဖူးတာပါပဲ။

အဆုံးအဖြတ်ဟာ ဒီကနေ့ညမှာ ရောက်လာတော့မှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ