Sports: အာဆင်နယ် ချန်ပီယံလိဂ် အုပ်စုတက်ဖို့ ဘိုင်ယန်မြူးနစ်အပေါ် မူတည်နေ

အာဆင်နယ်ရဲ့ ကံကြမ္မာက ဘိုင်ယန်မြူးနစ်နဲ့ အိုလံပီယာကို့စ်ပွဲအပေါ် မူတည်နေတာ ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းရဲ့လက်ရှိချန်ပီယံလိဂ် အခြေအနေကို အတော်လေးစိုးရိမ်မိကြောင်း အသင်းကစားသမား ဟောင်းရော်ဘတ်ပီးရက်စ်က ဝန်ခံလိုက်ပါတယ်။ အာဆင်နယ်ရဲ့ လက်ရှိခြေအနေကလည်း လက်ကျန်နှစ်ပွဲလုံး အနိုင်ကစားရင်တောင် အုပ်စုတက်ဖို့ မသေချာတော့တဲ့ အခြေအနေဖြစ်ပါတယ်။

play

 

လေးပွဲကစားပြီး သုံးမှတ်ရထားသေးတဲ့ အာဆင်နယ်က ဒီကနေ့ညမှ ဒိုင်နမုဇာဂရက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ဒိုင်နမိုဇာဂရက်က သုံးမှတ်စီသာ ရထားကြပြီး ဘိုင်ယန်မြူးနစ်နဲ့ ဂရိကလပ် အိုလံပီယာကို့စ်က ကိုးမှတ်စီ ရထားကြတယ်ပါတယ်။ ဒီကနေ့ပွဲမှာ အာဆင်နယ် နိုင်ခဲ့ရင်တောင်မှ ဘိုင်ယန်မြူးနစ်နဲ့ အိုလံပီယာကို့စ်က သရေရလဒ်ထွက်သွားမယ်ဆိုရင် အာဆင်နယ်က အုပ်စု ထွက်ရတော့မှာပါ။

play

အိုလံပီယာကို့စ်ကိုလည်း ရှုံးခဲ့ပါတယ်

အဓိကအချက်ကတော့ အာဆင်နယ်ကအရှေ့ပွဲမှာ အိုလံပီယာကို့စ်ကို အိမ်ကွင်းမှာ ရှုံးထားခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ရဲ့ လက်ရှိအခြေအနေအရ အုပ်စုတက်ဖို့က ဘိုင်ယန်မြူးနစ်နဲ့ အိုလံပီကို့စ်အပေါ်မှာ မူတည်နေတာကြောင့် ကစားသမားဟောင်း ရောဘတ် ပီးရက်စ်က စိုးရိမ်တယ်လို့ ပြောလိုက်တာပါ။ အာဆင်နယ်မှာ နိုင်ပွဲဆိုလို့ ဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့တဲ့ တစ်ပွဲသာ ရှိပါတယ်။

Source : www.wikipedia.org

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ